




Credit

UNICODE
ကိုယ်ထူကိုယ်ထ အခြေအနေမို့ ဆံပင်တောင် ကိုယ်တိုင်ညှပ်ထားတယ်လို့ ဆိုကာ ပုံလေးတင်ပေးလာတဲ့ ပရိတ်သတ်အချစ်တော် ပိုင်ဖြိုးသု…

သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ဒါရိုတ်တာ ဏကြီးတို့စုံတွဲကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ ချစ်ကြသလို ခံယူချက်ခြင်းထပ်တူကျပြီး စစ်အာဏာရှင်ကို တော်လှန်နေတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ စုံတွဲကတော့ ဖမ်းဝရမ်း ထုတ်ခံထားရတာကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး လွတ်မြောက်နယ်မြေတခုကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ တော်လှန်ရေးကြီးအတွက် ရန်ပုံငွေရှာဖွေပေးနေတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ အခက်အခဲတွေရှိပေမယ့် စိတ်ဓာတ်မကျဘဲ ဆက်လက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုင်ဖြိုးသုက ကိုယ်ထူကိုယ်ထအခြေအနေမလို့ ဆံပင်တောင် ကိုယ်တိုင်ညှပ်တော့တယ် ဆိုပြီး ချစ်စရာပုံလေးနဲအတူ ပြောပြလာတာ ဖြစ်ပါတယ်။
Credit

Add a Comment

Your email address will not be published. Required fields are marked *