



Credit

UNICODE
ချစ်ဇနီးလေးရဲ့မွေေးနေ့လေးအတွက် သူကိုယ်တိုင်အပင်ပန်းခံပြီး ဘယ်လိုတွေစီစဉ်ထားလည်းဆိုတာကို ဗီဒီယိုနဲ့တကွပြသလာတဲ့ နေတိုး

နေတိုးဆိုတာနဲ့ ပရိသတ်တွေချစ်ရတဲ့ နိုင်ငံကျော်မင်းသားတစ်ယောက် ပဲဖြစ်ပါတယ်။ သူကတော့ အခုမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာပါ။ သူတို့ချစ်သူနှစ်ဦးဟာ မကြာခင်လပိုင်းကမှ လက်ထပ်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲလေးဟာ နိုင်ငံရေးအခြေနေတွေကြောင့် ခမ်းခမ်းနားနားတော့မလုပ်ခဲ့တာပါ။ ဒါပေမယ့်လည်းလူမှုကွန်ရက်မှာ သူတို့လက်ထပ်ပွဲလေးဟာရေပန်းစားခဲ့တာပါ။ လက်ထပ်ပြီးနောက်ပိုင်း သူတို့နှစ်ယောက်ဟာပရိသတ်တွေရှေ့ကနေလည်းပျောက်နေခဲ့ တာပါ။

မကြာသေးခင်ကတော့သူတို့မိသားစုရဲ့အလှုပုံရိပ်လေးတွေတက်လာခဲ့တာပါ။ အခုမှာလည်းချစ်ဇနီးလေးရဲ့ မွေးနေ့လေးကို ကိတ်လေးနဲ့စပရိုက်တိုက်လိုက်တာပါ။ ဘယ်လောက်ကြည်နူးပြီး ချစ်စရာကောင်းနေလဲ ဆိုတာကတော့ အောက်ကvideo လေးကိုကြည့်ပြီး ချစ်ပေးကြပါဦးနော်။
Credit

Add a Comment

Your email address will not be published. Required fields are marked *