ဆင္းရဲဒုကၡေတြကို အတူတူရင္ဆိုင္ခဲ့တဲ့ ရဲေဘာ္ရဲဘက္ေတြအား သတိရလြမ္းဆြတ္ေနေၾကာင္း စိတ္မေကာင္းစြာ ရင္ဖြင့္လာခဲ့တဲ့ မင္းသား ဟိန္းထက္

ဆင္းရဲဒုကၡေတြကို အတူတူရင္ဆိုင္ခဲ့တဲ့ ရဲေဘာ္ရဲဘက္ေတြအား သတိရလြမ္းဆြတ္ေနေၾကာင္း စိတ္မေကာင္းစြာ ရင္ဖြင့္လာခဲ့တဲ့ မင္းသား ဟိန္းထက္

မင္းသားေခ်ာ ဟိန္းထက္ကေတာ့ ‘အရိပ္’ဆိုတဲ့ ျမန္မာ႐ုပ္သံဇာတ္လမ္းတြဲမွတဆင့္ ပရိသတ္ေတြရဲ႕ရင္ထဲကို ေရာက္ရွိလာခဲ့တဲ့ တက္သစ္စ မင္းသားတစ္ဦးပဲျဖစ္ပါတယ္ ဟိန္းထက္က ေအာင္ျမင္မႈေတြကို စတင္ရရွိေနတဲ့အခ်ိန္ကာလအတြင္းမွာေတာင္ ဘာကိုမွမမႈဘဲ အာဏာရွင္ကိုေတာ္လွန္ဖို႔ မိသားစုအပါအဝင္အရာအားလုံးကိုစြန္႔လႊတ္ခဲ့ၿပီး ရဲေဘာ္ေတြရွိတဲ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္

ဟိန္းထက္က”ဗိုက္ဆာ​ေပမယ့္ စားစရာမရွိလို႔ ငွက္​ေပ်ာအူနဲ႔ ဓါတ္ဆားတို႔စားရတဲ့ ကြၽန္​ေတာ္တို႔လိုမ်ိဳး တျခားသူ​ေတြကို မျဖစ္​ေစခ်င္ဘူး” ဆိုၿပီးေျပာျပခဲ့ပါေသးတယ္ ယခုလည္း သူနဲ႔အတူ ဒုကၡေတြကိုျဖတ္သန္းခဲ့တဲ့ ရဲေဘာ္ရဲဘက္ေတြကို သတိရလြမ္းဆြတ္မိေၾကာင္း စာေလးေရးၿပီး ရင္ဖြင့္လာခဲ့ပါတယ္

“လြမ္းတယ္ရဲေဘာ္တို႔…မင္းတို႔ကို လြမ္းတယ္…-ထမင္းၾကမ္းကိုငါးနီတူ​ေလး ႏွစ္​ေကာင္နဲ႔ ဒယ္အိုးအဖုံးထဲ ထည့္ၿပီး ေခါင္းခ်င္းဆိုင္ လက္စုံစားခဲ့တဲ့အခ်ိန္​ေတြ လြမ္းတယ္။ -အိပ္စရာမရွိလို႔ မီး​​ေလးဖိုၿပီး ​ေခ်ာင္း​ေဘးမွာ တာလဘက္​ေတြခင္းၿပီးအိပ္ ကင္းထိုးခံရတာေတာင္အၿပဳံးမပ်က္တဲ့ မင္းတို႔ကို လြမ္းတယ္။

-ၾကက္တစ္​ေကာင္လုံးတစ္​ေယာက္ထဲစားတဲ့​ေကာင္​ေတြ ​ေတာထဲ​ေရာက္​ေတာ့ အသားစားခ်င္လို႔ မဖမ္းတတ္ဖမ္းတတ္နဲ႔ ငါးဆင္းဖမ္းရင္း လက္ညႇိဳး​ေလာက္ငါး​ေလးကို အတူတူ မွ်စားခဲ့တဲ့အခ်ိန္​ေတြလြမ္းတယ္။
-မိုးအရမ္းသဲၿပီး ေခ်ာင္း​ေရႀကီးလို႔ ဒုကၡ​ေရာက္​ေနတဲ့သူ​ေတြကို သူမ်ား​ေတြလိုထိုင္ရီမ​ေနပဲ သက္စြန္႔စံဖ်ား ကူညီၾကတဲ့မင္းတို႔ ကိုလြမ္းတယ္။

-တစ္ခ်ိဳ႕က ျပန္မစုံႏိုင္​ေတာ့​ေပမယ့္ တစ္ခ်ိဳ႕ကို​ေတာ့ ျပန္စုံခ်င္​ေသးတယ္။***မင္းတို႔ကို ငါလြမ္းတယ္…*** “ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္ ဟိန္းထက္တစ္ေယာက္ ေတာ္လွန္ေရးခရီးမွာ အထိအခိုက္မရွိအိမ္ျပန္လာႏိုင္ပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္ေနာ္
Credit

UNICODE
ဆင်းရဲဒုက္ခတွေကို အတူတူရင်ဆိုင်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေအား သတိရလွမ်းဆွတ်နေကြောင်း စိတ်မကောင်းစွာ ရင်ဖွင့်လာခဲ့တဲ့ မင်းသား ဟိန်းထက်

မင်းသားချော ဟိန်းထက်ကတော့ ‘အရိပ်’ဆိုတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲမှတဆင့် ပရိသတ်တွေရဲ့ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ တက်သစ်စ မင်းသားတစ်ဦးပဲဖြစ်ပါတယ် ဟိန်းထက်က အောင်မြင်မှုတွေကို စတင်ရရှိနေတဲ့အချိန်ကာလအတွင်းမှာတောင် ဘာကိုမှမမှုဘဲ အာဏာရှင်ကိုတော်လှန်ဖို့ မိသားစုအပါအဝင်အရာအားလုံးကိုစွန့်လွှတ်ခဲ့ပြီး ရဲဘော်တွေရှိတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့တာဖြစ်ပါတယ်

ဟိန်းထက်က”ဗိုက်ဆာ​ပေမယ့် စားစရာမရှိလို့ ငှက်​ပျောအူနဲ့ ဓါတ်ဆားတို့စားရတဲ့ ကျွန်​တော်တို့လိုမျိုး တခြားသူ​တွေကို မဖြစ်​စေချင်ဘူး” ဆိုပြီးပြောပြခဲ့ပါသေးတယ် ယခုလည်း သူနဲ့အတူ ဒုက္ခတွေကိုဖြတ်သန်းခဲ့တဲ့ ရဲဘော်ရဲဘက်တွေကို သတိရလွမ်းဆွတ်မိကြောင်း စာလေးရေးပြီး ရင်ဖွင့်လာခဲ့ပါတယ်

“လွမ်းတယ်ရဲဘော်တို့…မင်းတို့ကို လွမ်းတယ်…-ထမင်းကြမ်းကိုငါးနီတူ​လေး နှစ်​ကောင်နဲ့ ဒယ်အိုးအဖုံးထဲ ထည့်ပြီး ခေါင်းချင်းဆိုင် လက်စုံစားခဲ့တဲ့အချိန်​တွေ လွမ်းတယ်။ -အိပ်စရာမရှိလို့ မီး​​လေးဖိုပြီး ​ချောင်း​ဘေးမှာ တာလဘက်​တွေခင်းပြီးအိပ် ကင်းထိုးခံရတာတောင်အပြုံးမပျက်တဲ့ မင်းတို့ကို လွမ်းတယ်။

-ကြက်တစ်​ကောင်လုံးတစ်​ယောက်ထဲစားတဲ့​ကောင်​တွေ ​တောထဲ​ရောက်​တော့ အသားစားချင်လို့ မဖမ်းတတ်ဖမ်းတတ်နဲ့ ငါးဆင်းဖမ်းရင်း လက်ညှိုး​လောက်ငါး​လေးကို အတူတူ မျှစားခဲ့တဲ့အချိန်​တွေလွမ်းတယ်။
-မိုးအရမ်းသဲပြီး ချောင်း​ရေကြီးလို့ ဒုက္ခ​ရောက်​နေတဲ့သူ​တွေကို သူများ​တွေလိုထိုင်ရီမ​နေပဲ သက်စွန့်စံဖျား ကူညီကြတဲ့မင်းတို့ ကိုလွမ်းတယ်။

-တစ်ချို့က ပြန်မစုံနိုင်​တော့​ပေမယ့် တစ်ချို့ကို​တော့ ပြန်စုံချင်​သေးတယ်။***မင်းတို့ကို ငါလွမ်းတယ်…*** “ဆိုပြီး ရေးသားထားတာဖြစ်ပါတယ် ဟိန်းထက်တစ်ယောက် တော်လှန်ရေးခရီးမှာ အထိအခိုက်မရှိအိမ်ပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်
Credit

Add a Comment

Your email address will not be published. Required fields are marked *