Credit
UNICODE
တပ်မတော်ကို ဂုဏ်ပြုတဲ့ စောင်နီလေးတစ်ထည်ရုပ်ရှင်ဇာတ်ကားကို အားပေးဖို့ပြောလာတဲ့ သရုပ်ဆောင်နက္ခတ်
အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာသူကတော့ မင်းသားချောလေး နက္ခတ် ပဲ ဖြစ်ပါတယ်။ နက္ခတ် ဟာ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲထဲမှာ ကျရာဇာတ်ရုပ်တွေကို သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိထားခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေ ကြွေနေရတဲ့ မင်းသားတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။ အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်နက္ခတ်က တပ်မတော်ကို ဂုဏ်ပြုတဲ့ စောင်နီလေးတစ်ထည်ရုပ်ရှင်ဇာတ်ကားကို အားပေးဖို့ပြောလာခဲ့ပါတယ်နော်။
ရုံတင်ရက်က ၁၇.၃.၂၀၂၃ ရက် သောကြာနေ့ဖြစ်သွားပါပြီ၊ ရုပ်ရှင်ဗားရှင်းက အရသာတစ်မျိုး၊ TV ဇာတ်လမ်း အရသာက တစ်မျိုး၊ (၂) မျိုးခံစားစေရမှာပါ၊ ရန်ကုန် – သမ္မတ ၊ JCGV ၁ ရုံ ၊ Star Cinema ၊ မန္တလေး- ဝင်းလိုက်၊ နေပြည်တော် – ဥတ္တရသီရိ Ocean JCGV ၊ ဇေယျာသီရိ ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်။
Credit