Credit
UNICODE
ထိုင်းတွေအလယ် မြန်မာဂုဏ်မငယ်စေဖို့ အပင်ပန်းခံပြီး ကြိုးစားနေလေ့ကျင့်နေတဲ့ ဘောလုံးသမား အောင်သူ….
အောင်သူဆိုတာနဲ့ ပရိသတ်တွေ ချစ်တဲ့နိုင်ငံကျော် ဘောလုံးသမား တစ်ယောက်ပါ။ သူ့ရဲ့ခြေစွမ်းတွေ ကြောင့်ပဲ ထိုင်းပရီးမီးယား လိဒ်မှာ သွားရောက် ကစားနေခဲ့ တာပါ။ ထိုင်းအသင်းတွေ ကလည်း သူ့ရဲ့ခြေစွမ်းကောင်းမွန်မှုကြောင့် သူ့ရဲ့ကစားအားကို နှစ်သက်မှုကြောင့် အလုအယက်လိုချင်တာကြောင့်လည်း ထိုင်းနိုင်ငံ မှာပဲ အသင်းတွေ ပြောင်းပြီးကစားနေ တာဖြစ်ပါတယ်။ အောင်သူဟာ ထိုင်းလိဒ်မှာလည်း ပရိသတ်တွေချစ်ကြတဲ့ မြန်မာ ကစားသမား တစ်ယောက်ဖြစ်ပါ တယ်။
အခုနောက်ပိုင်း ခြေစွမ်းကောင်းတဲ့မြန်မာကစားသမား အများစုကလည်းထိုင်းနိုင်ငံမှာ ဘောလုံးသွားရောက်ကစားနေတာပါ။ အောင်သူအခု လက်ရှိ ကစားနေတဲ့ အသင်းမှာလည်း ခြေစွမ်းကောင်းမွန်တဲ့ မြန်မာကစားသမား မောင်မောင်လွင်ပါရှိ နေတာပါ။ အခုလိုအသင်းတစ်သင်း ထဲမှာ မြန်မာ့အကောင်းဆုံး ကစားသမားတွေရှိတာကြောင့် တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီပေးကြရင်း ပိုအားတက်နေ ရတာပါ။
အခုမှာလည်း လေ့ကျင့်ရေးကွင်းမှာ မြန်မာ့ဂုဏ်ဆောင်ကစားသမား နှစ်ဦးဖြစ်တဲ့ အောင်သူနဲ့ မောင်မောင်လွင်နှစ်ယောက်ကို တွေ့ရတာပါ။ နှစ်ယောက် အတူတူ လေ့ကျင့်ခန်းတွေကို ကြိုးစားပြီး လုပ်နေကြတာပါ။ ပရိသတ်တွေလည်း မြန်မာဂုဏ် မငယ်စေဖို့ အမြဲလေ့ကျင့်ခန်းတွေ လုပ်ပြီး ကြိုးစားနေကြတဲ့ ပရိသတ်အချစ်တော် နိုင်ငံ့ဂုဏ်ဆောင်ဘောလုံးသမားတွေ ဖြစ်ကြသော အောင်သူနဲ့မောင်မောင်လွင်တို့ videoလေးကို ကြည့်ပြီး ချစ်ပေးကြပါဦးနော်။
Credit