



CRD

Unicode
ပရဟိတစိတ်ဓာတ် ပြည့်ဝလွန်းတဲ့ လုပ်ရပ်လေးကြောင့် ပရိသတ်တွေ ချီးကျူးတာကို ခံနေရတဲ့ ကလေးတို့ရဲ့ မေမေ ခိုင်နှင်းဝေ….

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ မင်းသမီးတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကို သူကိုယ်တိုင်ကိုယ်ကျ စိတ်ရောကိုယ်ပါလုပ်ဆောင်နေတာကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ အချိန်ရရင်ရသလို ပရဟိတအလုပ်တွေကို လုပ်ကိုင်နေခဲ့ပြီး ခရီးတွေသွားနေရင်းတောင် ကြုံကြိုက်တဲ့ နေရာမှာ ရရင်ရသလို ပရဟိတအလုပ်တွေကိုပြုလုပ်တတ်တဲ့အကျင့်လေးလည်းရှိပါသေးတယ်။ လတ်တလောမှာလည်း ခိုင်နှင်းဝေက အနုပညာအလုပ်တွေနဲ့ ရိုက်ကွင်းအတွက် နေရာဒေသတစ်ခုကိုရောက်ရှိနေခဲ့ပြီး ရိုက်ကွင်းနေရာမှတွေ့တဲ့ ခွေးလေးတွေကို အဟာရဒါနကုသိုလ်လေးပြုခဲ့ပါသေးတယ်။

မင်းသမီးတစ်ယောက်ဖြစ်ပေမဲ့ ခွေးလေးတွေအတွက် အစာကိုတောင်သူကိုယ်တိုင်နယ်ပြီး ကိုယ်တိုင်ထည့်ကျွေးနေတဲ့ ခိုင်နှင်းဝေရဲ့ ပရဟိတစိတ်ဓာတ်ကိုတော့ ပရိသတ်တွေက လေးစားချီးကျူးမဆုံးဖြစ်နေခဲ့ကြပါသေးတယ်။ပရိသတ်ကြီးရေ တကယ်ကိုလည်း လေးစားဖွယ်လုပ်ရပ်ပါပဲနော်။
CRD

Add a Comment

Your email address will not be published. Required fields are marked *