



သူမပြောထားတာကတော့ ” ကျမ ကြိုက်တာ ကျမ လျှောက်ဝတ်တာပဲ ကျမဝတာသိလဲ ကျမဖြစ်တည်မှူကို ကျမကျေနပ်တယ် ပုတယ် ဝတယ် ရုပ်ဆိုးတယ် ကြိုက်တာပြော အေးဆေး ချစ်သူကတော့ ကမ္ဘာပေါ်မှာ အလှဆုံးတဲ့ အသဲတို့လဲ သူများ ဝေဖန်မှူမှာ ကိုယ့်ဘဝကို မဆုံးစေနဲ့နော်” လို့ မေနွယ်ထွန်း ဟာ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားတာကို တွေ့ရပါတယ်။

Credit

UNICODE
ပိန်ပိန်ဝဝ ကိုယ့်ရဲ့ဖြစ်တည်မှု့ကို ကျေနပ်ကြပါလို့ အမျိုးသမီးထုကို အားပေးလိုက်တဲ့ မေနွယ်ထွန်း

သရုပ်‌ဆောင် မေနွယ်ထွန်း ဟာ MNTV ကထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အိမ်မက်များမိုးထားတဲ့အိမ် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကြီးလူသိများလာခဲ့သူ ဖြစ်ပါတယ်။ သူမဟာ Single Mom ဖြစ်ပေမယ့် ၁၁ နှစ်အရွယ် သားလေးတစ်ယောက်ကို မျက်နှာမငယ်အောင် စောက်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ တစ်ဦးတည်းသောသားလေးအတွက်ပဲ အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး စိတ်ဓာတ်ကိုလဲ ခိုင်မာအောင် ထားရှိတဲ့သူတစ်ဦး ဖြစ်ပါတယ်။

သူမကတော့ Single Mother တွေဆိုတာ ကဲ့ရဲ့စရာ၊နှိမ်စရာလူတန်းစားတွေ မဟုတ်ပါဘူးလို့ စိတ်ဓာတ်ခွန်အားပေးထားပါသေးတယ်။ လက်ရှိမှာ မေနွယ်ထွန်း ဟာ Live Sale တွေရောင်းချနေတာ အတော်လေးအောင်မြင်နေတာကို‌ တွေ့ရပါတယ်။ သူမကတော့ ပိန်ပိန်ဝဝ ကိုယ့်ရဲ့ဖြစ်တည်မှု့ကို ကျေနပ်ကြပါလို့ မိန်းကလေးတွေကို အားပေးစကားပြောထားတာကို တွေ့ရပါတယ်။

သူမပြောထားတာကတော့ ” ကျမ ကြိူက်တာ ကျမ လျှောက်ဝတ်တာပဲ ကျမဝတာသိလဲ ကျမဖြစ်တည်မှူကို ကျမကျေနပ်တယ် ပုတယ် ဝတယ် ရုပ်ဆိုးတယ် ကြိုက်တာပြော အေးဆေး ချစ်သူကတော့ ကမ္ဘာပေါ်မှာ အလှဆုံးတဲ့ အသဲတို့လဲ သူများ ဝေဖန်မှူမှာ ကိုယ့်ဘဝကို မဆုံးစေနဲ့နော်” လို့ မေနွယ်ထွန်း ဟာ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားတာကို တွေ့ရပါတယ်။

အမျိုးသမီးထုကြီးရေ ကိုယ့်ရဲ့ဖြစ်တည်မှု့လေးကို တန်ဖိုးထားကြပါနော်၊လူတိုင်းမှာ အလှတစ်ခုကတော့အမြဲတမ်းရှိပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ဝေဖန်မှု့တွေကြောင့် ကိုယ့်ဘဝကို မဆုံးကြပါစေနဲ့။
Credit

Add a Comment

Your email address will not be published. Required fields are marked *