





Credit

UNICOCDE
မိန်းကလေးတွေ ကြွေချင်စရာ နုနယ်တဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ အငယ်ဆုံးမောင်လေးကို ပရိတ်သတ်တွေကို ချပြလာတဲ့ ပိုးကြာဖြူခင်…

ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။

ပိုးကြာဖြူခင်ဟာ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲမှာလည်း သူမရဲ့ ဆိုင်းမိုင် ဆိုတဲ့ ကာရိုက်တာနဲ့ အကြီးအကျယ်အောင်မြင်ခဲ့သလို ပြီးခဲ့တဲ့လတွေက ထုတ်လွှင့်ပြသခဲ့တဲ့ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲက မိုးမိုးအေး ကာရိုက်တာနဲ့လည်း တစ်နိုင်ငံလုံးက အားပေးခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကလည်း သူမရဲ့ ပရိသတ်တွေကို လေးစားသူဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထား တတ်သူဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ အနုပညာအလုပ်တွေကိုပဲ အချိန်ပေးလုပ်ကိုင်ခဲ့ရတာမို့ အိမ်ထောင်ရေးကို မစဉ်းစားနိုင်သေးပဲ တစ်ကိုယ်တည်းအပျိုကြီးအဖြစ်ရှိနေတာပဲဖြစ်ပါတယ်။

မတ်လ ၁၆ ရက်နေ့ကတော့ ပိုးကြာရဲ့ မောင်ဖြစ်သူ အုပ်မှူးမြတ်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ပိုးကြာက ” Happy birthday my Oak ❤️”ဆိုပြီး သူမရဲ့ မောင်လေးကို ပွဲထုတ်လာတာပဲဖြစ်ပါတယ်။
Credit

Add a Comment

Your email address will not be published. Required fields are marked *