တစ္ခ်ိန္က တကၠသိုလ္နယ္ေျမမွာ မိန္းမလွကြၽန္းလို႔ေခၚတဲ့ စီးပြားေရးတကၠသိုလ္က အေခ်ာအလွတစ္ေယာက္ျဖစ္ခဲ့တဲ့ ေဆြဇင္ထိုက္

မိန္းမလွကြၽန္းလို႔ေခၚတဲ့ စီးပြားေရးတကၠသိုလ္က အေခ်ာအလွတစ္ေယာက္ျဖစ္ခဲ့တဲ့ မင္းသမီးႀကီး ေဆြဇင္ထိုက္ အေၾကာင္း…

ဒီတစ္ေခါက္မွာေတာ့ အရင္ေခတ္ကလည္း နာမည္ႀကီးခဲ့တဲ့ အခုထိလည္းလွပထက္ျမက္ေနဆဲျဖစ္တဲ့ ႐ုပ္ရွင္မင္းသမီးႀကီး လည္းျဖစ္ ဒါ႐ိုက္တာလဲျဖစ္တဲ့ အကယ္ဒမီ ေဆြဇင္ထိုက္ ေခၚ အန္တီ grace အေၾကာင္းကို တက္ဆက္ေပးမွာပဲျဖစ္ပါတယ္ အန္တီ ေဆြဇင္ထိုက္ ကို graceလို႔လဲ ေခၚၾကပါတယ္ အန္တီ ေဆြဇင္ထိုက္လို႔ေျပာလိုက္ရင္ ပညာေတာ္လြန္းၿပီး အႏုပညာနဲ႔ပတ္သတ္တဲ့ ပညာရပ္ေတြကိုလည္း ခြၽင္းခ်က္မရွိ သိတတ္လြန္းတဲ့ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုရ မင္းသမီး လို႔ ပရိတ္သတ္မ်ားရင္းႏွီးၾကပါလိမ့္မယ္

ေဒၚေဆြဇင္ထိုက္ ကို ၁၃ရက္ ဇြန္လ ၁၉၅၃ ခုႏွစ္တြင္ ေမြးဖြားခဲ့ပါတယ္။ လယ္သမားမ်ိဳး႐ိုးလို႔ဆိုပါတယ္။ေဒၚေဆြဇင္ထိုက္မွာ ေမြးခ်င္းေမာင္ႏွမ ေလးေယာက္ရွိပါတယ္။ေဒၚ ေ႐ြဇင္ထိုက္ရဲ႕ မိခင္ျဖစ္သူ က ပညာေရးကို ထူးခြၽန္ေအာင္ ပံ့ပိုးေပးခဲ့တယ္လို႔ ဆိုပါတယ္။ အ.ထ.က(၂)စမ္းေခ်ာင္းတြင္ အထက္တန္းပညာသင္ၾကားကာ တကၠသိုလ္ဝင္ တန္း ေအာင္ျမင္ခဲ့ၿပီး ၁၉၇၇ ခုႏွစ္တြင္ ရန္ကုန္ စီးပြားေရး တကၠသိုလ္ မွ B.Com. (I.T.) ဘြဲ႕ ရရွိခဲ့ပါတယ္။

၁၉၈၄ ခုႏွစ္တြင္ Burma Council of Account မွ စာရင္းကိုင္ ဒီပလိုမာထပ္မံရရွိခဲ့ပါတယ္။ေဒၚေဆြဇင္ထိုက္သည္ ၁၉၈၉ တြင္ Alliance Francaise မွ ျပင္သစ္ဘာသာ ဒီပလိုမာ (Diplome de Langue Francaise) ရရွိခဲ့ၿပီး ၂၀၀၂ ခုႏွစ္တြင္ အေမရိကန္ ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်ယ္လိစ္ ရွိ University of Southern California က ပို႔ခ်ေသာ မီဒီယာ ေခါင္းေဆာင္သင္တန္းကို (Media Leadership Training Program, specialization in Social Content Media Production Course) တက္ေရာက္ ေလ့လာခဲ့သူလည္း ျဖစ္ပါတယ္ ။

ေတာ္လြန္းတဲ့ အန္တီ grace ပါပဲေနာ္ အႏုပညာကို စိတ္ဝင္စားတဲ့ ေဆြဇင္ထိုက္ဟာ ၇ တန္း ေျဖဆိုၿပီးေနာက္မွာ အေမျဖစ္သူ၏တိုက္တြန္းမႈေၾကာင့္ ေႏြရာသီ ေက်ာင္းပိတ္ရက္အတြင္း ရႈမဝ ဦးေက်ာ္၏ ‘ရႈမဝ သ႐ုပ္ေဆာင္ သင္တန္း’ ကို တက္ေရာက္ သင္ၾကားခဲ့ပါတယ္။ ၁၉၇၁ ခုႏွစ္ ကတည္းက ႐ုပ္ရွင္ ဇာတ္ကားမ်ား ႐ိုက္ကူးခဲ့ၿပီး ၁၉၇၂ ခုႏွစ္မွာ ႐ုံတင္ခဲ့ပါတယ္။ ၁၉၇၁ ခုႏွစ္တြင္ ေဆြဇင္ထိုက္သည္ ရႈမဝဦးေက်ာ္ ႐ိုက္ကူးမည့္ ေစလိုရာေစ ႐ုပ္ရွင္ ဇာတ္ကားအတြက္ သ႐ုပ္ေဆာင္သစ္ ေလွ်ာက္လႊာေခၚရာမွစတင္၍ အႏုပညာေလာကထဲသို႔ ဝင္ေရာက္လာျခင္း ျဖစ္ပါတယ္။

ေဒၚ ေဆြဇင္ထိုက္ရဲ႕ ပထမဆုံး႐ုပ္ရွင္ဇာတ္ကားျဖစ္ၿပီး ထိုဇာတ္ကားတြင္ ေဇာ္ဝမ္း၊ လင္းထင္တို႔ႏွင့္အတူ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ေဒၚေဆြဇင္ထိုက္သည္ ႐ုပ္ရွင္ ဇာတ္ကား မ႐ိုက္ကူးမီ ၁ဝ တန္း စာေမးပြဲ ေျဖဆိုၿပီးမွ ပထမႏွစ္ တကၠသိုလ္ ေက်ာင္းသူဘဝတြင္ ႐ိုက္ကူးခဲ့ျခင္း ျဖစ္ပါတယ္။မင္းသား ၫြန႔္ဝင္း၊ မင္းသမီးမ်ားအျဖစ္ ဝါဝါဝင္းေ႐ႊ၊ ေမဝင္းေမာင္ တို႔ႏွင့္ တြဲဖက္ သ႐ုပ္ေဆာင္ ႐ိုက္ကူးခဲ့ေသာ မိန္းကေလးရွင္ရဲ႕ဆႏၵ ႐ုပ္ရွင္ဇာတ္ကားျဖင့္ ၁၉၇၇ ခုႏွစ္ အတြက္ အကယ္ဒမီဆု (အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ပို႔) ကို ေဒၚေဆြဇင္ထိုက္က ရရွိခဲ့ပါတယ္။

ေဆြဇင္ထိုက္သည္ ေအာင္ျမင္ေနခ်ိန္တြင္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ေသာ စိန္ျမင့္ ႏွင့္ ခိုးရာ လိုက္ေျပးခဲ့သည့္အတြက္ ဟိုးေလးတေက်ာ္ ျဖစ္ခဲ့ပါေသးတယ္။ ထိုကာလတြင္ ထုတ္ေဝခဲ့ေသာ သတင္းစာမ်ား၏ မ်က္ႏွာဖုံးတြင္ “ကိုကို႔ကို က်မက ခိုးတာပါ” ဟူေသာ ေခါင္းစဥ္မ်ားျဖင့္ ေက်ာ္ၾကားခဲ့ပါေသးတယ္။ ေဒၚေဆြဇင္ထိုက္မွာ သမီးေလးတစ္ေယာက္လည္းထြန္းကားခဲ့ပါတယ္ ၁၉၇၇ ခုႏွစ္တြင္ ႐ုံတင္ ျပသခဲ့ေသာ အေဖတခု သားတခု ဇာတ္ကားတြင္ စိန္ျမင့္၊ ေဇာ္လင္း၊ ေအာင္ထြန္းေလး၊ ေဆြဇင္ထိုက္တို႔ သ႐ုပ္ေဆာင္ခဲ့ၾကၿပီး မိန္းကေလးရွင္ရဲ႕ ဆႏၵ ဇာတ္ကားတြင္ ၫြန႔္ဝင္း၊ ဝါဝါဝင္းေ႐ႊ၊ ေဆြဇင္ထိုက္၊ ေမဝင္းေမာင္၊ နန္းေဝေဝ ၊ မိုးမမမ်ိဳး တို႔ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ၾကပါတယ္။

ပန္းဆက္သမားနဲ႔ ဝဏၰ သိဂီ၊ အေဖတစ္ခု သားတစ္ခု၊ ေနေက်ာက္ခဲ၊ အကာက အခ်စ္ အႏွစ္က ေမတၱာ၊ စိမ္းနဲ႔ ေတဇာ၊ သမီးနဲ႔ အေမမ်ား စတဲ့ ႐ုပ္ရွင္ဇာတ္ကားမ်ားစြာကို ႐ိုက္ကူးတင္ဆက္ခဲ့ၿပီး အသံကတ္ဆက္ဇာတ္လမ္းမ်ားစြာကိုလည္း သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ ၁၉၉၁ ခုႏွစ္တြင္ ႐ုပ္ရွင္ေလာကမွ အနားယူခဲ့ပါတယ္။ ၁၉၉၃ ခုႏွစ္တြင္ ႐ုပ္ရွင္မင္းသမီးအျဖစ္ ဇာတ္ကား ႐ိုက္ကူးမႈကို ရပ္တန္႔ခဲ့ၿပီး ကိုယ္တိုင္ ပ႐ီုဂ်ဴဆာ လုပ္ ကိုယ္တိုင္ ႐ိုက္ကူးခဲ့ပါတယ္လို႔ အန္တီgraceကဆိုပါတယ္။ရႈပ္ရွင္႐ိုက္ကူးေနစဥ္မွာပဲ ေက်ာင္းတက္တာကို လည္းမျပတ္တမ္းႀကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။

တစ္ခ်ိန္က က်ားျဖစ္ခဲ့တဲ့ ျမန္မာ့ ႐ုပ္ရွင္ဟာ အခုမွာေတာ့ အဖက္ဖက္က နိမ့္ပါးေနတဲ့ အတြက္ အားမရျဖစ္မိတယ္လို႔ ေဒၚေဆြဇင္ထိုက္ေျပာပါတယ္။ျမန္မာ့႐ုပ္ရွင္ ေလာကကို ပိုပိုၿပီးတိုးတက္ေစခ်င္ၿပီး တစ္ေထာင့္တစ္ေနရာကလဲ ပါဝင္လုပ္ေဆာင္ေနပါေသးတယ္။ေဒၚေဆြဇင္ထိုက္သည္ ၁၉၇၁ ခုႏွစ္မွ ၁၉၉၁ ခုႏွစ္ အတြင္း ႐ုပ္ရွင္ ဇာတ္ကားေပါင္း ၂၀ဝ ေက်ာ္တြင္ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ၿပီး၊ ဇာတ္လမ္းေပါင္း ၅ဝ ေက်ာ္ကို ထုတ္လုပ္သူ သို႔မဟုတ္ ဒါ႐ိုက္တာ အျဖစ္ ႐ိုက္ကူး တင္ဆက္ခဲ့သူ ျဖစပါတယ္ ၁၉၉၅ ႏွင့္ ၁၉၉၇ ႏွစ္မ်ားတြင္ ေဟာင္ေကာင္ တကၠသိုလ္တြင္ က်င္းပေသာ အသိဉာဏ္ပညာ ဆိုင္ရာ တီထြင္မႈမ်ားႏွင့္ ပတ္သက္ေသာ မူပိုင္ခြင့္ အခြင့္အေရးမ်ား (Intellectual Property Rights Seminar) စီမီနာကို ျမန္မာ ႐ုပ္ရွင္ထုတ္သူမ်ား ကိုယ္စား တက္ေရာက္ရန္ ေ႐ြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။

၂၀၀ဝ ျပည့္ႏွစ္တြင္ ေတာင္အာဖရိကႏိုင္ငံ Natal University တြင္ က်င္းပခဲ့ေသာ (၁၃) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ေအအိုင္ဒီအက္စ္ ညီလာခံကို ေလ့လာသူ အျဖစ္ တက္ေရာက္ခဲ့ပါတယ္ ၂၀၀၃ ခုႏွစ္တြင္ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ ဆိုဘုန္း တကၠသိုလ္ (Sorbonne University) ႏွင့္ သုေတသန ဝန္ႀကီးဌာန (Ministry of Research) တို႔ ပူးတြဲ က်င္းပေသာ အေရွ႕ေတာင္ အာရွ ေဒသအတြင္း ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား အတြက္ က်န္းမာေရးဆိုင္ရာ သတင္းအခ်က္အလက္မ်ား ‘Health Information for Migrants in South East Asia’ ေဆြးေႏြးပြဲကို တက္ေရာက္ၿပီး စာတမ္း တင္သြင္းခဲ့သလို၊ ႐ုပ္ရွင္ ထုတ္လုပ္သူမ်ား ကိုယ္စား ကြာလာလမ္ပူ ကမာၻ႔ ႐ုပ္ရွင္ပြဲေတာ္ (KL World Film Festival) ကို တက္ေရာက္ခဲ့ပါတယ္

၂၀၀၆ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံ ဘုံေဘၿမိဳ႕တြင္ က်င္းပေသာ (၅) ႀကိမ္ေျမာက္ အာရွ႐ုပ္ရွင္ ပြဲေတာ္ (Fifth Asian Eye Film Festival) ကို တက္ေရာက္ၿပီး ‘Myanmar movies: Past, Present & Future’ စာတမ္းကို ဖတ္ၾကားခဲ့သလို၊ ျမန္မာႏိုင္ငံ အေၾကာင္း မီးေမာင္း ထိုးျပႏိုင္ေသာ ဇာတ္ကား ရွစ္ကားကိုလည္း အဂၤလိပ္ စာတန္းထိုးကာ ျပသႏိုင္ခဲ့ပါတယ္။၁၉၇၈ မွ ၁၉၈၁ ခုႏွစ္ အထိ Commerce Graduate Association (Myanmar) ၏ အလုပ္အမႈေဆာင္ အဖြဲ႕ဝင္၊ ၁၉၈၉ မွ ၁၉၉၁ အထိ ႐ုပ္ရွင္ အစည္းအ႐ုံး အလုပ္အမႈေဆာင္ အဖြဲ႕ဝင္၊ ၁၉၉ဝ မွ ၁၉၉၂ အထိ ရန္ကုန္ ယူနီဆက္ (UNICEF)၊ IDD project သတင္း ျပန္ၾကားေရး အရာရွိ၏ အတိုင္ပင္ခံ၊ ၁၉၉၃ မွ ၂၀၀၃ အထိ မိခင္ႏွင့္ ကေလး ေစာင့္ေရွာက္ေရး အသင္း (Myanmar Maternal & Child Welfare Association) ၏ အလုပ္အမႈေဆာင္ အဖြဲ႕ဝင္၊

၁၉၉၉ မွ ၂၀၀၆ ေအာက္တိုဘာ အထိ Population Services International Myanmar (PSI – Myanmar) ၏ ဆက္သြယ္ေရး အရာရွိ (အသံလႊင့္ ဌာနမ်ား၊ Broadcast Media)၊ ၂၀၀၅ ေဖေဖာ္ဝါရီ မွ ၂၀၀၇ ေဖေဖာ္ဝါရီ အထိ ျမန္မာ ခရစ္ကက္ ဖက္ဒေရးရွင္း အေထြေထြ အတြင္းေရးမႉး၊ ၂၀၀၅ ဇြန္ မွ ၂၀၀၇ ဇူလိုင္ အထိ ႐ုပ္ရွင္ အစည္းအ႐ုံး တြဲဖက္ အတြင္းေရးမႉး (၃) အစရွိေသာ တာဝန္မ်ားကို ထမ္းေဆာင္ခဲ့သလို၊ ၂၀၀၇ မွစ၍ ျမန္မာ ေဟာ္ကီ ဖက္ဒေရးရွင္း၏ အတြင္းေရးမႉး (အမ်ိဳးသမီးေရးရာ) အျဖစ္ တာဝန္ ထမ္းေဆာင္လ်က္ရွိၿပီး အေတြ႕အႀကဳံ ႏွင့္ အျမင္မ်ားကို ဘေလာက္ေရးသားျခင္းျဖင့္ မွ်ေဝေနပါတယ္။

အကယ္ဒမီဘုတ္အဖြဲ႕ဝင္ တစ္ေယာက္ျဖစ္ၿပီး အရည္အခ်င္းရွိတဲ့ ဆုရွင္ ေတြကိုေသခ်ာ စီစစ္ေ႐ြးခ်ယ္တဲ့ ေနရာမွာ ပရိတ္သတ္ေတြၾကားအန္တီ grace ဟာ နာမည္ႀကီးပါတယ္ ။ေဇာ္ဝမ္း သုေမာင္ ေက်ာ္ဟိန္းစတဲ့ မင္းသားေတြဟာ အန္တီ grace ရဲ႕ သူငယ္ခ်င္းႀကီးသုံးေယာက္ျဖစ္ၿပီး သတိတရရွိတယ္လို႔ ဆိုပါတယ္ ေက်ာ္ဟိန္းကို အန္တီ grace အၿမဲတမ္း ေလးစားသေဘာက်ခဲ့ၿပီး ဦးေက်ာ္ဟိန္းရဲ႕ ရဟန္းဘဝျဖင့္ ေနာက္ဆုံးအခ်ိန္ကို ေအးခ်မ္းစြာျဖတ္သန္းသြားပုံကို အားက်ခဲ့တယ္လို႔ အန္တီgraceကဆိုပါတယ္ အႏုပညာအရည္အေသြးဟာ ပ႐ုတ္လုံးလိုတစ္ျဖည္းျဖည္းပါးလ်လာၿပီး အရည္အေသြးက်ဆင္းသြားတယ္လို႔ဆိုကာ ေနာက္ပိုင္းမွာေတာ့ အႏုပညာရွင္ၾကယ္ပြင့္ အသစ္ကေလးေတြဟာ အႏုပညာသက္လုံေကာင္းေကာင္းရွိရမယ္လို႔ ဆိုပါတယ္

ပရိတ္သတ္ကို ေလးစားခဲ့ၿပီး အႏုပညာၾကယ္ပြင့္ အသစ္ကေလးမ်ားကို အၿမဲတမ္းလက္ခံႀကိဳဆိုရမယ္လို႔ အန္တီgraceကဆိုပါတယ္။ျမန္မာ့ ဇာတ္ကားေတြကို ကမ္ညာက သိဖို႔ အသိအမွတ္ျပဳဖို႔ ျမန္မာ့ဇာတ္ကားအျဖစ္ ႏိုင္ငံအလယ္မွာ ရပ္တည္ႏိုင္ေအာင္ အန္တီ graceက အၿမဲျမင္ခ်င္ခဲ့ၿပီး ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္ အန္တီgraceက တက္သစ္စ လူငယ္မ်ားအတြက္ ႐ုပ္ရွင္ပညာေတြကို ဆက္လက္ သင္ၾကားေပးလ်က္ရွိၿပီး ႐ုပ္ရွင္ေလာက အတြက္ အၿမဲတမ္း လိုအပ္တဲ့ ကြက္လပ္ေတြကို ျဖည့္ေပးေနပါတယ္။
Credit

UNICODE
မိန်းမလှကျွန်းလို့ခေါ်တဲ့ စီးပွားရေးတက္ကသိုလ်က အချောအလှတစ်ယောက်ဖြစ်ခဲ့တဲ့ မင်းသမီးကြီး ဆွေဇင်ထိုက် အကြောင်း…

ဒီတစ်ခေါက်မှာတော့ အရင်ခေတ်ကလည်း နာမည်ကြီးခဲ့တဲ့ အခုထိလည်းလှပထက်မြက်နေဆဲဖြစ်တဲ့ ရုပ်ရှင်မင်းသမီးကြီး လည်းဖြစ် ဒါရိုက်တာလဲဖြစ်တဲ့ အကယ်ဒမီ ဆွေဇင်ထိုက် ခေါ် အန်တီ grace အကြောင်းကို တက်ဆက်ပေးမှာပဲဖြစ်ပါတယ် အန်တီ ဆွေဇင်ထိုက် ကို graceလို့လဲ ခေါ်ကြပါတယ် အန်တီ ဆွေဇင်ထိုက်လို့ပြောလိုက်ရင် ပညာတော်လွန်းပြီး အနုပညာနဲ့ပတ်သတ်တဲ့ ပညာရပ်တွေကိုလည်း ချွင်းချက်မရှိ သိတတ်လွန်းတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး လို့ ပရိတ်သတ်များရင်းနှီးကြပါလိမ့်မယ်

ဒေါ်ဆွေဇင်ထိုက် ကို ၁၃ရက် ဇွန်လ ၁၉၅၃ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ်။ လယ်သမားမျိုးရိုးလို့ဆိုပါတယ်။ဒေါ်ဆွေဇင်ထိုက်မှာ မွေးချင်းမောင်နှမ လေးယောက်ရှိပါတယ်။ဒေါ် ရွေဇင်ထိုက်ရဲ့ မိခင်ဖြစ်သူ က ပညာရေးကို ထူးချွန်အောင် ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။ အ.ထ.က(၂)စမ်းချောင်းတွင် အထက်တန်းပညာသင်ကြားကာ တက္ကသိုလ်ဝင် တန်း အောင်မြင်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ် မှ B.Com. (I.T.) ဘွဲ့ ရရှိခဲ့ပါတယ်။

၁၉၈၄ ခုနှစ်တွင် Burma Council of Account မှ စာရင်းကိုင် ဒီပလိုမာထပ်မံရရှိခဲ့ပါတယ်။ဒေါ်ဆွေဇင်ထိုက်သည် ၁၉၈၉ တွင် Alliance Francaise မှ ပြင်သစ်ဘာသာ ဒီပလိုမာ (Diplome de Langue Francaise) ရရှိခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ် ရှိ University of Southern California က ပို့ချသော မီဒီယာ ခေါင်းဆောင်သင်တန်းကို (Media Leadership Training Program, specialization in Social Content Media Production Course) တက်ရောက် လေ့လာခဲ့သူလည်း ဖြစ်ပါတယ် ။

တော်လွန်းတဲ့ အန်တီ grace ပါပဲနော် အနုပညာကို စိတ်ဝင်စားတဲ့ ဆွေဇင်ထိုက်ဟာ ၇ တန်း ဖြေဆိုပြီးနောက်မှာ အမေဖြစ်သူ၏တိုက်တွန်းမှုကြောင့် နွေရာသီ ကျောင်းပိတ်ရက်အတွင်း ရှုမဝ ဦးကျော်၏ ‘ရှုမဝ သရုပ်ဆောင် သင်တန်း’ ကို တက်ရောက် သင်ကြားခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် ကတည်းက ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူးခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ ရုံတင်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်တွင် ဆွေဇင်ထိုက်သည် ရှုမဝဦးကျော် ရိုက်ကူးမည့် စေလိုရာစေ ရုပ်ရှင် ဇာတ်ကားအတွက် သရုပ်ဆောင်သစ် လျှောက်လွှာခေါ်ရာမှစတင်၍ အနုပညာလောကထဲသို့ ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။

ဒေါ် ဆွေဇင်ထိုက်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ထိုဇာတ်ကားတွင် ဇော်ဝမ်း၊ လင်းထင်တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ဒေါ်ဆွေဇင်ထိုက်သည် ရုပ်ရှင် ဇာတ်ကား မရိုက်ကူးမီ ၁ဝ တန်း စာမေးပွဲ ဖြေဆိုပြီးမှ ပထမနှစ် တက္ကသိုလ် ကျောင်းသူဘဝတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။မင်းသား ညွန့်ဝင်း၊ မင်းသမီးများအဖြစ် ဝါဝါဝင်းရွှေ၊ မေဝင်းမောင် တို့နှင့် တွဲဖက် သရုပ်ဆောင် ရိုက်ကူးခဲ့သော မိန်းကလေးရှင်ရဲ့ဆန္ဒ ရုပ်ရှင်ဇာတ်ကားဖြင့် ၁၉၇၇ ခုနှစ် အတွက် အကယ်ဒမီဆု (အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့) ကို ဒေါ်ဆွေဇင်ထိုက်က ရရှိခဲ့ပါတယ်။

ဆွေဇင်ထိုက်သည် အောင်မြင်နေချိန်တွင် ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်သော စိန်မြင့် နှင့် ခိုးရာ လိုက်ပြေးခဲ့သည့်အတွက် ဟိုးလေးတကျော် ဖြစ်ခဲ့ပါသေးတယ်။ ထိုကာလတွင် ထုတ်ဝေခဲ့သော သတင်းစာများ၏ မျက်နှာဖုံးတွင် “ကိုကို့ကို ကျမက ခိုးတာပါ” ဟူသော ခေါင်းစဉ်များဖြင့် ကျော်ကြားခဲ့ပါသေးတယ်။ ဒေါ်ဆွေဇင်ထိုက်မှာ သမီးလေးတစ်ယောက်လည်းထွန်းကားခဲ့ပါတယ် ၁၉၇၇ ခုနှစ်တွင် ရုံတင် ပြသခဲ့သော အဖေတခု သားတခု ဇာတ်ကားတွင် စိန်မြင့်၊ ဇော်လင်း၊ အောင်ထွန်းလေး၊ ဆွေဇင်ထိုက်တို့ သရုပ်ဆောင်ခဲ့ကြပြီး မိန်းကလေးရှင်ရဲ့ ဆန္ဒ ဇာတ်ကားတွင် ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ဆွေဇင်ထိုက်၊ မေဝင်းမောင်၊ နန်းဝေဝေ ၊ မိုးမမမျိုး တို့ ပါဝင် သရုပ်ဆောင်ခဲ့ကြပါတယ်။

ပန်းဆက်သမားနဲ့ ဝဏ္ဏ သိဂီ၊ အဖေတစ်ခု သားတစ်ခု၊ နေကျောက်ခဲ၊ အကာက အချစ် အနှစ်က မေတ္တာ၊ စိမ်းနဲ့ တေဇာ၊ သမီးနဲ့ အမေများ စတဲ့ ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးတင်ဆက်ခဲ့ပြီး အသံကတ်ဆက်ဇာတ်လမ်းများစွာကိုလည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။ ၁၉၉၁ ခုနှစ်တွင် ရုပ်ရှင်လောကမှ အနားယူခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်တွင် ရုပ်ရှင်မင်းသမီးအဖြစ် ဇာတ်ကား ရိုက်ကူးမှုကို ရပ်တန့်ခဲ့ပြီး ကိုယ်တိုင် ပရီုဂျူဆာ လုပ် ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ်လို့ အန်တီgraceကဆိုပါတယ်။ရှုပ်ရှင်ရိုက်ကူးနေစဥ်မှာပဲ ကျောင်းတက်တာကို လည်းမပြတ်တမ်းကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

တစ်ချိန်က ကျားဖြစ်ခဲ့တဲ့ မြန်မာ့ ရုပ်ရှင်ဟာ အခုမှာတော့ အဖက်ဖက်က နိမ့်ပါးနေတဲ့ အတွက် အားမရဖြစ်မိတယ်လို့ ဒေါ်ဆွေဇင်ထိုက်ပြောပါတယ်။မြန်မာ့ရုပ်ရှင် လောကကို ပိုပိုပြီးတိုးတက်စေချင်ပြီး တစ်ထောင့်တစ်နေရာကလဲ ပါဝင်လုပ်ဆောင်နေပါသေးတယ်။ဒေါ်ဆွေဇင်ထိုက်သည် ၁၉၇၁ ခုနှစ်မှ ၁၉၉၁ ခုနှစ် အတွင်း ရုပ်ရှင် ဇာတ်ကားပေါင်း ၂၀ဝ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး၊ ဇာတ်လမ်းပေါင်း ၅ဝ ကျော်ကို ထုတ်လုပ်သူ သို့မဟုတ် ဒါရိုက်တာ အဖြစ် ရိုက်ကူး တင်ဆက်ခဲ့သူ ဖြစပါတယ် ၁၉၉၅ နှင့် ၁၉၉၇ နှစ်များတွင် ဟောင်ကောင် တက္ကသိုလ်တွင် ကျင်းပသော အသိဉာဏ်ပညာ ဆိုင်ရာ တီထွင်မှုများနှင့် ပတ်သက်သော မူပိုင်ခွင့် အခွင့်အရေးများ (Intellectual Property Rights Seminar) စီမီနာကို မြန်မာ ရုပ်ရှင်ထုတ်သူများ ကိုယ်စား တက်ရောက်ရန် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

၂၀၀ဝ ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံ Natal University တွင် ကျင်းပခဲ့သော (၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံကို လေ့လာသူ အဖြစ် တက်ရောက်ခဲ့ပါတယ် ၂၀၀၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ ဆိုဘုန်း တက္ကသိုလ် (Sorbonne University) နှင့် သုတေသန ဝန်ကြီးဌာန (Ministry of Research) တို့ ပူးတွဲ ကျင်းပသော အရှေ့တောင် အာရှ ဒေသအတွင်း ရွှေ့ပြောင်း အလုပ်သမားများ အတွက် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ‘Health Information for Migrants in South East Asia’ ဆွေးနွေးပွဲကို တက်ရောက်ပြီး စာတမ်း တင်သွင်းခဲ့သလို၊ ရုပ်ရှင် ထုတ်လုပ်သူများ ကိုယ်စား ကွာလာလမ်ပူ ကမ္ဘာ့ ရုပ်ရှင်ပွဲတော် (KL World Film Festival) ကို တက်ရောက်ခဲ့ပါတယ်

၂၀၀၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် ကျင်းပသော (၅) ကြိမ်မြောက် အာရှရုပ်ရှင် ပွဲတော် (Fifth Asian Eye Film Festival) ကို တက်ရောက်ပြီး ‘Myanmar movies: Past, Present & Future’ စာတမ်းကို ဖတ်ကြားခဲ့သလို၊ မြန်မာနိုင်ငံ အကြောင်း မီးမောင်း ထိုးပြနိုင်သော ဇာတ်ကား ရှစ်ကားကိုလည်း အင်္ဂလိပ် စာတန်းထိုးကာ ပြသနိုင်ခဲ့ပါတယ်။၁၉၇၈ မှ ၁၉၈၁ ခုနှစ် အထိ Commerce Graduate Association (Myanmar) ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၈၉ မှ ၁၉၉၁ အထိ ရုပ်ရှင် အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၉ဝ မှ ၁၉၉၂ အထိ ရန်ကုန် ယူနီဆက် (UNICEF)၊ IDD project သတင်း ပြန်ကြားရေး အရာရှိ၏ အတိုင်ပင်ခံ၊ ၁၉၉၃ မှ ၂၀၀၃ အထိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း (Myanmar Maternal & Child Welfare Association) ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်၊

၁၉၉၉ မှ ၂၀၀၆ အောက်တိုဘာ အထိ Population Services International Myanmar (PSI – Myanmar) ၏ ဆက်သွယ်ရေး အရာရှိ (အသံလွှင့် ဌာနများ၊ Broadcast Media)၊ ၂၀၀၅ ဖေဖော်ဝါရီ မှ ၂၀၀၇ ဖေဖော်ဝါရီ အထိ မြန်မာ ခရစ်ကက် ဖက်ဒရေးရှင်း အထွေထွေ အတွင်းရေးမှူး၊ ၂၀၀၅ ဇွန် မှ ၂၀၀၇ ဇူလိုင် အထိ ရုပ်ရှင် အစည်းအရုံး တွဲဖက် အတွင်းရေးမှူး (၃) အစရှိသော တာဝန်များကို ထမ်းဆောင်ခဲ့သလို၊ ၂၀၀၇ မှစ၍ မြန်မာ ဟော်ကီ ဖက်ဒရေးရှင်း၏ အတွင်းရေးမှူး (အမျိုးသမီးရေးရာ) အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပြီး အတွေ့အကြုံ နှင့် အမြင်များကို ဘလောက်ရေးသားခြင်းဖြင့် မျှဝေနေပါတယ်။

အကယ်ဒမီဘုတ်အဖွဲ့ဝင် တစ်ယောက်ဖြစ်ပြီး အရည်အချင်းရှိတဲ့ ဆုရှင် တွေကိုသေချာ စီစစ်ရွေးချယ်တဲ့ နေရာမှာ ပရိတ်သတ်တွေကြားအန်တီ grace ဟာ နာမည်ကြီးပါတယ် ။ဇော်ဝမ်း သုမောင် ကျော်ဟိန်းစတဲ့ မင်းသားတွေဟာ အန်တီ grace ရဲ့ သူငယ်ချင်းကြီးသုံးယောက်ဖြစ်ပြီး သတိတရရှိတယ်လို့ ဆိုပါတယ် ကျော်ဟိန်းကို အန်တီ grace အမြဲတမ်း လေးစားသဘောကျခဲ့ပြီး ဦးကျော်ဟိန်းရဲ့ ရဟန်းဘဝဖြင့် နောက်ဆုံးအချိန်ကို အေးချမ်းစွာဖြတ်သန်းသွားပုံကို အားကျခဲ့တယ်လို့ အန်တီgraceကဆိုပါတယ် အနုပညာအရည်အသွေးဟာ ပရုတ်လုံးလိုတစ်ဖြည်းဖြည်းပါးလျလာပြီး အရည်အသွေးကျဆင်းသွားတယ်လို့ဆိုကာ နောက်ပိုင်းမှာတော့ အနုပညာရှင်ကြယ်ပွင့် အသစ်ကလေးတွေဟာ အနုပညာသက်လုံကောင်းကောင်းရှိရမယ်လို့ ဆိုပါတယ်

ပရိတ်သတ်ကို လေးစားခဲ့ပြီး အနုပညာကြယ်ပွင့် အသစ်ကလေးများကို အမြဲတမ်းလက်ခံကြိုဆိုရမယ်လို့ အန်တီgraceကဆိုပါတယ်။မြန်မာ့ ဇာတ်ကားတွေကို ကမ္ညာက သိဖို့ အသိအမှတ်ပြုဖို့ မြန်မာ့ဇာတ်ကားအဖြစ် နိုင်ငံအလယ်မှာ ရပ်တည်နိုင်အောင် အန်တီ graceက အမြဲမြင်ချင်ခဲ့ပြီး ကြိုးစားနေတယ်လို့ ဆိုပါတယ် အန်တီgraceက တက်သစ်စ လူငယ်များအတွက် ရုပ်ရှင်ပညာတွေကို ဆက်လက် သင်ကြားပေးလျက်ရှိပြီး ရုပ်ရှင်လောက အတွက် အမြဲတမ်း လိုအပ်တဲ့ ကွက်လပ်တွေကို ဖြည့်ပေးနေပါတယ်။
Credit

Add a Comment

Your email address will not be published. Required fields are marked *