Credit
UNICODE
ရည်စားကစွန့်ပစ်ခံရတာ ချိုရဲ့လားဆိုပြီး မစာမနာမေးလာတဲ့သူကို ထိမိမိမိနဲ့ပညာသားပါပါ ပြန်ဖြေခဲ့တဲ့ ပန်ကိတ်ဒါဒါ
ဖေ့စ်ဘုတ်ဆယ်လီတစ်ယောက်ဖြစ်တဲ့ ပန်ကိတ်ဒါဒါဟာ သူမရဲ့ရည်းစားဟောင်း အဆိုတော်နဲ့ ပြတ်ဆဲပြီးတဲ့နောက်မှာ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အများအပြားရရှိခဲ့တာပဲဖြစ်ပါတယ်။ ပန်ကိတ်ဒါဒါဟာ ရည်းစားဟောင်းအဆိုတော်နဲ့ ပြတ်ဆဲသွားခဲ့တာကြာခဲ့ပြီဖြစ်သလို သူမရဲ့အချစ်သစ်နဲ့လည်း သာယာအေးချမ်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ အချစ်သစ်နဲ့တွေ့ရှိပြီး သာယာတဲ့အချိန်ကောင်းလေးကို ပိုင်ဆိုင်နေရပြီဖြစ်တဲ့ ပန်ကိတ်ဒါဒါဟာ မလိုလားအပ်တဲ့လူတွေကြောင့် စိတ်အနှောက်အယှက်ေ တွနဲ့လည်း အမြဲတမ်းကြုံတွေ့နေရသူတစ်ယောက်ဖြစ်ပါတယ်။
ဒီတစ်ခါမှာလည်း ပန်ကိတ်ဒါဒါက သူမရဲ့ပိုစ့်အောက်မှာ “ဘဲပစ်ခံရတာ ချိုရဲ့လားလို့” ဆိုပြီး အလိုက်ကန်းဆိုးမသိ မေးခွန်းမေးသူနဲ့ ကြုံခဲ့ရပါတယ်။ ထိုသူရဲ့ကောမန့်ကို ပန်ကိတ်ဒါဒါက “ရည်းစားအသစ်ရတယ်လေ အဟောင်းတွေစိတ်မဝင်စားဘူး အသစ်ကတော့တအားချိုတယ် ချစ်တာမှတုန်နေတာပဲ” ဆိုပြီး ပညာသားပါပါပြန်လည်ဖြေကြားခဲ့ပါတယ်။
ပန်ကိတ်ဒါဒါကတော့ ရည်းစားဟောင်းဆီက စွန့်ပစ်ခံလိုက်ရတာ ချိုရဲ့လားလို့မေးလာသူကို ရည်းစားသစ်နဲ့ပျော်နေပြီမို့ ရည်းစားဟောင်းကို စိတ်မဝင်စားဘူးလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ပန်ကိတ်တစ်ယောက် အမှန်တကယ်ချစ်မြတ်နိုးသူနဲ့ သက်ဆုံးတိုင်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit