



Credit

UNICODE
လိုအပ်တဲ့အချိန်မှအရေးတယူဆက်ဆံပြီး နောက်ကွယ်မှာမကောင်းပြောနေတဲ့ သူငယ်ချင်းတစ်ချို့ကို ပြတ်ပြတ်သားသားသတိပေးလိုက်တဲ့ စံရတီမိုးမြင့်

ပရိသတ်ကြီးရေ စံရတီမိုးမြင့်ကတော့ ကျန်းမာရေးလိုက်စားကာ အမိုက်စား ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်လက်ပါ။ သရုပ်ဆောင်ပိုင်းမှာလည်း အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့မင်းသမီးတွေထဲကတစ်လက်ပဲဖြစ်ပါတယ်..။

သူမကတော့ ဘယ်သူတွေဘယ်လိုတိုက်ခိုက်ပြောဆိုပြောဆို သူမအနေနဲ့ တည်ငြိမ်ရင့်ကျက်စွာဖြတ်သန်းနေတဲ့သူလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ” မကင်းနိုင်ရင် ကောင်းအောင်နေ၊မကောင်းနိုင်ရင် ကင်းအောင်နေ၊မကင်းနိုင်ပဲ မကောင်းမပြောနဲ့လိုမှလာလာလှမ်းတဲ့ လက်ကလေးတွေနော်မှတ်ထားတယ် သူငယ်ချင်းတို့ ….စကားကမပြောတတ်တာမဟုတ်ဘူး။ ပြောတတ်တာလွန်နေတာ.. ” ဟုဆိုတဲ့စာလေးနဲ့ သူမအပေါ်မကောင်းပြောဆိုနေတဲ့သူငယ်ချင်းတချို့ကို သတိပေးစကားပြောကြားခဲ့တာပါ..။

အမြဲအေးဆေးနေတတ်တဲ့ စံရတီမိုးမြင့်ရဲ့ ထိမိလှတဲ့ သတိပေးစာလေးကို ပရိသတ်တွေကသဘောကျလျက်လူပေါင်းရာချီပြီး share တွေပြုလုပ်ခဲ့ကြတာပါ။ ပရိသတ်တွေကော သဲရဲ့ စာလေးက လိုမှပေါင်းချင်တဲ့သူငယ်ချင်းတွေကို ပြောချင်တဲ့စာသားနဲ့ထပ်တူကျကြတယ်ဆိုရင် တစ်ခုခုမှတ်ချက်ပေးခဲ့ကြပါဦးနော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit

Add a Comment

Your email address will not be published. Required fields are marked *