ဝါသနာကအဆိုေတာ္ျဖစ္ေပမယ့္ ေဘာလုံးကန္ရင္းနဲ႔ ဘဝတစ္ဆစ္ခ်ိဳးမွာ မင္းသားျဖစ္ခဲ့ရတယ္ဆိုတဲ့ မင္းသားေခ်ာ ေဒါင္း

ဝါသနာကအဆိုေတာ္ျဖစ္ေပမယ့္ ေဘာလုံးကန္ရင္းနဲ႔ ဘဝတစ္ဆစ္ခ်ိဳးမွာ မင္းသားျဖစ္ခဲ့ရတယ္ဆိုတဲ့ မင္းသားေခ်ာ ေဒါင္း

ေဒါင္း ကေတာ့ MRTV4က ထုတ္လႊင့္ ျပသခဲ့တဲ့ “ပုဂံၿမိဳ႕သူ” ႐ုပ္သံ ဇာတ္လမ္းတြဲ ေတြမွာ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ရာ ကေန ပရိတ္သတ္ေတြ သတိထားမိလာၿပီး ခ်စ္ခင္အားေပးလာ ခဲ့ရတဲ့ မင္းသားေခ်ာေလး တစ္လက္ပဲ ျဖစ္ပါတယ္။ ေကာင္းမြန္ ပီျပင္တဲ့ သ႐ုပ္ ေဆာင္ခ်က္ ေတြအျပင္ ညႇိဳ႕ယူ ႏိုင္တဲ့အၾကည့္ ေလးေတြနဲ႔ ေခ်ာေမာ ခန႔္ညားၿပီး ေယာက်္ား ပီသတဲ့ ႐ုပ္ ရည္ တို႔ေၾကာင့္ မိန္းကေလး ပရိသတ္ေတြ အသည္းစြဲ ခ်စ္ခင္အား ေပးရတဲ့ idol တစ္ေယာက္ျဖစ္ လာခဲ့ပါတယ္။

မင္းသားေခ်ာေလး ေဒါင္းကေတာ့ ျမန္မာ႐ုပ္ရွင္ ဇာတ္ကားႀကီး ေတြကို ႐ိုက္ကူး ေနရတဲ့ မင္းသားတစ္ေယာက္ ျဖစ္တဲ့ အျပင္ အခု ဆိုရင္လည္း အိမ္နီး ခ်င္း ႏိုင္ငံ ျဖစ္တဲ့ ထိုင္းႏိုင္ငံမွာပါ ႐ုပ္ရွင္ ႐ိုက္ကူးႏိုင္ခဲ့သည္ထိကို ေအာင္ျမင္ ေနတာပါ။ ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕ စစ္အာဏာရွင္ ေတာ္လွန္ေရးႀကီးမွာလည္း အမွန္ တရားကို ခ်စ္တဲ့ ပရိသတ္ ျပည္သူ ေတြနဲ႔ အတူ တက္တက္ႂကြႂကြ ပါဝင္ လႈပ္ရွားၿပီး ဆန႔္က်င္ခဲ့တဲ့ အျပင္ အခုထိလည္းကိုယ္ တတ္ေျမာက္ထားတဲ့ပညာေလးေတြကိုအသုံးျပဳကာ ေတာ္လွန္ေရး အတြက္ လိုအပ္တဲ့ ေနရာ ေတြမွာ တစ္ဖက္တစ္လွမ္း ကေန ပါဝင္ေထာက္ပံ့ ေနတာပဲ ျဖစ္ပါတယ္။

ဝါသနာဗီဇအေပၚ အေျခခံထားတဲ့ မိမိတို႔ရဲ႕စိတ္ကူးအိပ္မက္ေတြကို ခြန္အားအျပည့္နဲ႔ ပုံေဖာ္ေနၾကတဲ့ လူငယ္ေတြ မ်ားစြာ ရွိပါတယ္။ ဒီလိုလူငယ္ေတြဆီမွာ မေရတြက္ႏိုင္တဲ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြ၊ ျပႆနာေတြလည္း ရွိေနတတ္ၾက စၿမဲပါပဲ။ အံ့အားသင့္စရာ ခြန္အားေတြ၊ စိတ္ကူးအိပ္မက္ေတြအတြက္ စြန႔္လႊတ္မႈေတြ အျပည့္နဲ႔ လူငယ္ေတြၾကားက လူငယ္တစ္ေယာက္ကေတာ့ သ႐ုပ္ေဆာင္ေဒါင္း ျဖစ္ပါတယ္။ ငယ္စဥ္ဘဝရဲ႕ အိပ္မက္ျဖစ္တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္လာဖို႔ ေဘာလုံးသမားဘဝနဲ႔ ေငြေၾကးရွာေဖြခဲ့သလို အဆိုေတာ္ တစ္ေယာက္ ျဖစ္မလာခဲ့ဘဲ ဘဝရဲ႕အခ်ိဳးအေကြ႕ေတြ ႀကဳံေတြ႕ခဲ့ရသူ သ႐ုပ္ေဆာင္ ေဒါင္းေျပာျပခဲ့တဲ့ ငယ္စဥ္ဘဝရဲ႕အမွတ္တရ ေတြကို ျပန္လည္ တင္ဆက္ ေပးခ်င္ပါတယ္။

ဘဝရဲ႕ထူးျခားတဲ့ အျဖစ္အပ်က္ေတြကို အမွတ္တရအေနနဲ႔ မွတ္သားထားတတ္တဲ့ သ႐ုပ္ေဆာင္ ေဒါင္းက ေမြးေန႔ျဖစ္တဲ့ မတ္လ၃၀ ရက္ဟာ အရမ္းႏွစ္သက္ရတဲ့ ပန္းခ်ီဆရာႀကီးဗင္းဆင့္ဗန္ဂိုးနဲ႔ ေမြးေန႔တူ ေနတာေၾကာင့္ အမွတ္တရ တစ္ခုပါလို႔ ပထမဆုံး ေျပာျပခဲ့ပါတယ္။ ေဒါင္းကို ျပည္ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ငယ္စဥ္ဘဝ တစ္ေလွ်ာက္မွာ မိတၳီလာၿမိဳ႕မွာ ျဖတ္သန္းခဲ့တယ္လို႔ ဆိုပါတယ္။ ေမြးခ်င္းေမာင္ႏွမ ငါးေယာက္ရွိၿပီး အစ္ကိုႏွစ္ေယာက္၊ အစ္မတစ္ေယာက္နဲ႔ အသက္ ၁၀ ႏွစ္ကြာတဲ့ ညီမငယ္ တစ္ေယာက္ ရွိတယ္လို႔ ဆိုပါတယ္။ ေဒါင္းရဲ႕ငယ္စဥ္ဘဝထူးျခားတဲ့အမွတ္တရ တစ္ခုကေတာ့ ဖိနပ္ေလးတစ္ရံ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဖခင္ျဖစ္သူရဲ႕ ဖိနပ္ကို အၿမဲတမ္းယူစီးတတ္တဲ့ ေဒါင္းအတြက္ မိဘမ်ားက ရႉးဖိနပ္ ဝယ္ေပးခ်င္ေပမဲ့ စီးပြားေရး မေျပလည္တာေၾကာင့္ ဝယ္မေပးႏိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။ တစ္ရက္မွာေတာ့ ေဒါင္းအတြက္ ရႉးဖိနပ္အျဖဴေလး တစ္ရံကို မိဘမ်ားက ယူလာခဲ့ ေပးပါတယ္။ ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ “ကြၽန္ေတာ့္အတြက္ဆိုၿပီး ေမေမက ရႉးဖိနပ္အျဖဴေလးကို ေပးတယ္။ ကြၽန္ေတာ္လည္း ေတြ႕ေတြ႕ခ်င္း အရမ္းသေဘာက်တယ္။ ဒါေပမဲ့ အသစ္ မဟုတ္မွန္း သိသြားေတာ့ ဘယ္ကရလဲလို႔ ေမးတယ္။ ေဖေဖက ေျပာျပတယ္ သူတို႔မိတ္ေဆြရဲ႕သားက ေပးတယ္ ဆိုတာကို။

အဲဒီလို ေျပာၿပီးကတည္းက ကြၽန္ေတာ္အဲဒီ ဖိနပ္ေလးကို မစီးေတာ့ဘူး။ ကြၽန္ေတာ္ဒီဖိနပ္ကို ဘယ္ကရလဲလို႔ ေမးလိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ့္မိဘႏွစ္ပါးရဲ႕ ခံစားမႈကို ကြၽန္ေတာ္ ခံစားလိုက္ရတယ္ ကြၽန္ေတာ္လည္း ခံစားရတယ္။ အဲဒီခံစားမႈကို ကြၽန္ေတာ္ခုခ်ိန္ထိလည္း ေတြးတိုင္း ဝမ္းနည္းေနတုန္းပဲ” လို႔ ေဒါင္းက ဆိုပါတယ္။ ေက်ာင္းတက္စဥ္ တစ္ေလွ်ာက္လုံး ဂီတနဲ႔ပတ္သက္လို႔သာ စိတ္ပါဝင္စား ခဲ့တာေၾကာင့္ ေက်ာင္းစာသင္ယူဖို႔ကို စိတ္မဝင္စားခဲ့ဘူးလို႔ဆိုပါတယ္။ ဒီေနာက္မွာေတာ့ ဂီတကို ဝါသနာပါလြန္းသူ ေဒါင္းအတြက္ ေတးေရးေကေအတီနဲ႔ ေတြ႕ဆုံခြင့္ရခဲ့ၿပီး ဘဝရဲ႕အခ်ိဳးအေကြ႕တစ္ခု စတင္ခဲ့ပါတယ္။

ဝါသနာပါရာ ဂီတအလုပ္ေတြလုပ္ဖို႔အတြက္ကိုယ္ပိုင္ဝင္ေငြ လိုအပ္တာေၾကာင့္ေဘာလုံးအသင္း တစ္ခုမွာ သုံးႏွစ္ဝင္ကန္ျဖစ္ ခဲ့တယ္လို႔ ဆိုပါတယ္။ ေဒါင္းက ဂီတလုပ္ငန္းေတြကို အားႀကိဳးမာန္တက္လုပ္ ကိုင္ဖို႔ ျပင္ဆင္ထားခ်ိန္မွာပဲ အားထားရတဲ့ ဆရာေကေအတီ ကြယ္လြန္ သြားခဲ့ပါတယ္။ ဒီအခ်ိန္မွာပဲ ေဒါင္းအတြက္ ေနာက္ထပ္အခ်ိဳးအေကြ႕ တစ္ခု စတင္ခဲ့ ပါတယ္။ “ဦးေလး (ဆရာေကေအတီ) ႐ုတ္တရက္ခြဲခြာသြားတာက ကြၽန္ေတာ့္အတြက္ေတာ့ အားလုံး ဆုံးရႈံးသြားတာပဲ။ ဒါေပမဲ့ အဲဒီအခ်ိန္မွာပဲ ေနာက္ထပ္အခ်ိဳးအေကြ႕ တစ္ခုထပ္ျဖစ္ခဲ့ ပါတယ္။

ဆရာ့ရဲ႕စ်ာပနမွာ ဆာတိုရီ ထုတ္လုပ္ေရးက ဂီတကို အေျခခံတဲ့ ဇာတ္ကားတစ္ကားအတြက္ သ႐ုပ္ေဆာင္သစ္ေတြေခၚေနတယ္ ဆိုတဲ့ သတင္းၾကားတယ္။ အဲဒီမတိုင္ခင္မွာလည္း အဆိုေတာ္ တစ္ေယာက္လုပ္တဲ့အခါ စင္မေၾကာက္ဖို႔အတြက္ ေမာ္ဒယ္လ္သင္တန္း တက္ထားတဲ့ အေတြ႕အႀကဳံက ရွိတယ္။ အဲဒါနဲ႔ ဆာတိုရီ ထုတ္လုပ္ေရးကို သြားေလွ်ာက္ျဖစ္ခဲ့ပါတယ္” လို႔ဆိုပါတယ္။ ေဒါင္းက ဆာတိုရီထုတ္လုပ္ေရးရဲ႕ ဒုတိယေျမာက္ စင္တင္မင္းသား အေနနဲ႔ စိတ္ႀကိဳက္ဇာတ္ကားေတြကို ေ႐ြးခ်ယ္႐ိုက္ကူးဖို႔ သေဘာတူညီခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ျဖည္းျဖည္းမွန္မွန္ ႀကိဳးစားလာခဲ့ၿပီး လက္ရွိမွာေတာ့ ပရိသတ္ခ်စ္ခင္အားေပးမႈ မ်ားစြာကို ရရွိလာခဲ့တာပါ။ ဇာတ္လမ္းတစ္ခုကို ဖတ္ၿပီး ကိုယ့္ရင္ထဲက ခံစားရတာကို ျပန္ဆြဲထုတ္ၿပီး ေပးရတဲ့ သ႐ုပ္ေဆာင္အလုပ္ကို သေဘာက်သလို ေန႔စဥ္နဲ႔အမွ် ခံစားေတြ႕ထိျဖစ္တဲ့ ဂီတကိုလည္း ႐ူးသြပ္စြဲလန္းပါတယ္လို႔ ေဒါင္းကဆိုပါတယ္။ သ႐ုပ္ေဆာင္ေဒါင္းက စာဖတ္ဝါသနာ ႀကီးမားသူလည္း ျဖစ္ၿပီး အမာခံပရိသတ္ေတြကို ကိုဗစ္ကာလအတြင္း စာအုပ္ဖတ္ျပတာေတြ၊ စာေပအေၾကာင္း ေဆြးေႏြးတာေတြကို အြန္လိုင္းကေန လုပ္ေပးခဲ့ပါတယ္။

“ဘဝက အခ်ိဳးအေကြ႕မ်ားတယ္ စိန္ေခၚမႈေတြ အခက္အခဲေတြမ်ားတယ္။ လူငယ္တစ္ေယာက္အေနနဲ႔ အဲဒီေလာက္ ျဖတ္သန္းစရာ မလိုဘူးလို႔ထင္တယ္။ ႏိုင္ငံရဲ႕အေနအထားေၾကာင့္သာ ဒီလို ျဖတ္သန္း ရတာေပါ့ေနာ္။ လူတိုင္းလည္း ဒီလိုပဲ ျဖတ္သန္းရတာပါပဲ အဲဒီအတြက္ ေက်နပ္ပါတယ္။ ဒီလိုျဖတ္သန္းမႈက စာနာမႈကိုျဖစ္ေစတယ္။ ဘဝရဲ႕အဓိပၸာယ္ ျဖစ္ေစပါတယ္ အဲဒီအတြက္ေတာ့ ေက်နပ္ပါတယ္” လို႔ အမွတ္တရ ေျပာျပခဲ့သလို ပရိသတ္မ်ားအတြက္ အစြမ္းရွိသေလာက္ဆက္လက္ ႀကိဳးစားသြားမယ္ဆိုတာလည္း သတင္းစကားပါး ခဲ့ေသာ ေဒါင္းဟာလည္

အခုအခါမွာေတာ့ အာဏာသိမ္းမႈေၾကာင့္ ဘဝရဲ႕တစ္ဆစ္ခ်ိဳးကို ထပ္မံႀကဳံရကာ ေတာ္လွန္ေရးအတြက္ တစ္တပ္တစ္အား ပါဝင္ေသာ ျပည္သူခ်စ္တဲ့ မင္းသားေခ်ာေလး ေဒါင္း တစ္ေယာက္ ခ်စ္တဲ့ ပရိသတ္ ႀကီးတို႔ကလည္း ေဒါင္း အတြက္ေမြးေန႔ဆုေတာင္း စကားေတြ ေျပာေပးခဲ့ ၾကပါဦးေနာ္။ ဖတ္ရႈ အားေပးခဲ့ၾကတဲ့ ပရိသတ္ ႀကီးတို႔လည္း သာယာ ေပ်ာ္႐ႊင္ဖြယ္ ေန႔ရက္ ေလးေတြကို ပိုင္ဆိုင္ ႏိုင္ၾက ပါေစ။
Credit

UNICODE
ဝါသနာကအဆိုတော်ဖြစ်ပေမယ့် ဘောလုံးကန်ရင်းနဲ့ ဘဝတစ်ဆစ်ချိုးမှာ မင်းသားဖြစ်ခဲ့ရတယ်ဆိုတဲ့ မင်းသားချော ဒေါင်း

ဒေါင်း ကတော့ MRTV4က ထုတ်လွှင့် ပြသခဲ့တဲ့ “ပုဂံမြို့သူ” ရုပ်သံ ဇာတ်လမ်းတွဲ တွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ရာ ကနေ ပရိတ်သတ်တွေ သတိထားမိလာပြီး ချစ်ခင်အားပေးလာ ခဲ့ရတဲ့ မင်းသားချောလေး တစ်လက်ပဲ ဖြစ်ပါတယ်။ ကောင်းမွန် ပီပြင်တဲ့ သရုပ် ဆောင်ချက် တွေအပြင် ညှို့ယူ နိုင်တဲ့အကြည့် လေးတွေနဲ့ ချောမော ခန့်ညားပြီး ယောကျ်ား ပီသတဲ့ ရုပ် ရည် တို့ကြောင့် မိန်းကလေး ပရိသတ်တွေ အသည်းစွဲ ချစ်ခင်အား ပေးရတဲ့ idol တစ်ယောက်ဖြစ် လာခဲ့ပါတယ်။

မင်းသားချောလေး ဒေါင်းကတော့ မြန်မာရုပ်ရှင် ဇာတ်ကားကြီး တွေကို ရိုက်ကူး နေရတဲ့ မင်းသားတစ်ယောက် ဖြစ်တဲ့ အပြင် အခု ဆိုရင်လည်း အိမ်နီး ချင်း နိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံမှာပါ ရုပ်ရှင် ရိုက်ကူးနိုင်ခဲ့သည်ထိကို အောင်မြင် နေတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် တော်လှန်ရေးကြီးမှာလည်း အမှန် တရားကို ချစ်တဲ့ ပရိသတ် ပြည်သူ တွေနဲ့ အတူ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားပြီး ဆန့်ကျင်ခဲ့တဲ့ အပြင် အခုထိလည်းကိုယ် တတ်မြောက်ထားတဲ့ပညာလေးတွေကိုအသုံးပြုကာ တော်လှန်ရေး အတွက် လိုအပ်တဲ့ နေရာ တွေမှာ တစ်ဖက်တစ်လှမ်း ကနေ ပါဝင်ထောက်ပံ့ နေတာပဲ ဖြစ်ပါတယ်။

ဝါသနာဗီဇအပေါ် အခြေခံထားတဲ့ မိမိတို့ရဲ့စိတ်ကူးအိပ်မက်တွေကို ခွန်အားအပြည့်နဲ့ ပုံဖော်နေကြတဲ့ လူငယ်တွေ များစွာ ရှိပါတယ်။ ဒီလိုလူငယ်တွေဆီမှာ မရေတွက်နိုင်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ပြဿနာတွေလည်း ရှိနေတတ်ကြ စမြဲပါပဲ။ အံ့အားသင့်စရာ ခွန်အားတွေ၊ စိတ်ကူးအိပ်မက်တွေအတွက် စွန့်လွှတ်မှုတွေ အပြည့်နဲ့ လူငယ်တွေကြားက လူငယ်တစ်ယောက်ကတော့ သရုပ်ဆောင်ဒေါင်း ဖြစ်ပါတယ်။ ငယ်စဉ်ဘဝရဲ့ အိပ်မက်ဖြစ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာဖို့ ဘောလုံးသမားဘဝနဲ့ ငွေကြေးရှာဖွေခဲ့သလို အဆိုတော် တစ်ယောက် ဖြစ်မလာခဲ့ဘဲ ဘဝရဲ့အချိုးအကွေ့တွေ ကြုံတွေ့ခဲ့ရသူ သရုပ်ဆောင် ဒေါင်းပြောပြခဲ့တဲ့ ငယ်စဉ်ဘဝရဲ့အမှတ်တရ တွေကို ပြန်လည် တင်ဆက် ပေးချင်ပါတယ်။

ဘဝရဲ့ထူးခြားတဲ့ အဖြစ်အပျက်တွေကို အမှတ်တရအနေနဲ့ မှတ်သားထားတတ်တဲ့ သရုပ်ဆောင် ဒေါင်းက မွေးနေ့ဖြစ်တဲ့ မတ်လ၃၀ ရက်ဟာ အရမ်းနှစ်သက်ရတဲ့ ပန်းချီဆရာကြီးဗင်းဆင့်ဗန်ဂိုးနဲ့ မွေးနေ့တူ နေတာကြောင့် အမှတ်တရ တစ်ခုပါလို့ ပထမဆုံး ပြောပြခဲ့ပါတယ်။ ဒေါင်းကို ပြည်မြို့မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ဘဝ တစ်လျှောက်မှာ မိတ္ထီလာမြို့မှာ ဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။ မွေးချင်းမောင်နှမ ငါးယောက်ရှိပြီး အစ်ကိုနှစ်ယောက်၊ အစ်မတစ်ယောက်နဲ့ အသက် ၁၀ နှစ်ကွာတဲ့ ညီမငယ် တစ်ယောက် ရှိတယ်လို့ ဆိုပါတယ်။ ဒေါင်းရဲ့ငယ်စဉ်ဘဝထူးခြားတဲ့အမှတ်တရ တစ်ခုကတော့ ဖိနပ်လေးတစ်ရံ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူရဲ့ ဖိနပ်ကို အမြဲတမ်းယူစီးတတ်တဲ့ ဒေါင်းအတွက် မိဘများက ရှူးဖိနပ် ဝယ်ပေးချင်ပေမဲ့ စီးပွားရေး မပြေလည်တာကြောင့် ဝယ်မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ တစ်ရက်မှာတော့ ဒေါင်းအတွက် ရှူးဖိနပ်အဖြူလေး တစ်ရံကို မိဘများက ယူလာခဲ့ ပေးပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ “ကျွန်တော့်အတွက်ဆိုပြီး မေမေက ရှူးဖိနပ်အဖြူလေးကို ပေးတယ်။ ကျွန်တော်လည်း တွေ့တွေ့ချင်း အရမ်းသဘောကျတယ်။ ဒါပေမဲ့ အသစ် မဟုတ်မှန်း သိသွားတော့ ဘယ်ကရလဲလို့ မေးတယ်။ ဖေဖေက ပြောပြတယ် သူတို့မိတ်ဆွေရဲ့သားက ပေးတယ် ဆိုတာကို။

အဲဒီလို ပြောပြီးကတည်းက ကျွန်တော်အဲဒီ ဖိနပ်လေးကို မစီးတော့ဘူး။ ကျွန်တော်ဒီဖိနပ်ကို ဘယ်ကရလဲလို့ မေးလိုက်တဲ့အချိန်မှာ ကျွန်တော့်မိဘနှစ်ပါးရဲ့ ခံစားမှုကို ကျွန်တော် ခံစားလိုက်ရတယ် ကျွန်တော်လည်း ခံစားရတယ်။ အဲဒီခံစားမှုကို ကျွန်တော်ခုချိန်ထိလည်း တွေးတိုင်း ဝမ်းနည်းနေတုန်းပဲ” လို့ ဒေါင်းက ဆိုပါတယ်။ ကျောင်းတက်စဉ် တစ်လျှောက်လုံး ဂီတနဲ့ပတ်သက်လို့သာ စိတ်ပါဝင်စား ခဲ့တာကြောင့် ကျောင်းစာသင်ယူဖို့ကို စိတ်မဝင်စားခဲ့ဘူးလို့ဆိုပါတယ်။ ဒီနောက်မှာတော့ ဂီတကို ဝါသနာပါလွန်းသူ ဒေါင်းအတွက် တေးရေးကေအေတီနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ဘဝရဲ့အချိုးအကွေ့တစ်ခု စတင်ခဲ့ပါတယ်။

ဝါသနာပါရာ ဂီတအလုပ်တွေလုပ်ဖို့အတွက်ကိုယ်ပိုင်ဝင်ငွေ လိုအပ်တာကြောင့်ဘောလုံးအသင်း တစ်ခုမှာ သုံးနှစ်ဝင်ကန်ဖြစ် ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါင်းက ဂီတလုပ်ငန်းတွေကို အားကြိုးမာန်တက်လုပ် ကိုင်ဖို့ ပြင်ဆင်ထားချိန်မှာပဲ အားထားရတဲ့ ဆရာကေအေတီ ကွယ်လွန် သွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဒေါင်းအတွက် နောက်ထပ်အချိုးအကွေ့ တစ်ခု စတင်ခဲ့ ပါတယ်။ “ဦးလေး (ဆရာကေအေတီ) ရုတ်တရက်ခွဲခွာသွားတာက ကျွန်တော့်အတွက်တော့ အားလုံး ဆုံးရှုံးသွားတာပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ နောက်ထပ်အချိုးအကွေ့ တစ်ခုထပ်ဖြစ်ခဲ့ ပါတယ်။

ဆရာ့ရဲ့စျာပနမှာ ဆာတိုရီ ထုတ်လုပ်ရေးက ဂီတကို အခြေခံတဲ့ ဇာတ်ကားတစ်ကားအတွက် သရုပ်ဆောင်သစ်တွေခေါ်နေတယ် ဆိုတဲ့ သတင်းကြားတယ်။ အဲဒီမတိုင်ခင်မှာလည်း အဆိုတော် တစ်ယောက်လုပ်တဲ့အခါ စင်မကြောက်ဖို့အတွက် မော်ဒယ်လ်သင်တန်း တက်ထားတဲ့ အတွေ့အကြုံက ရှိတယ်။ အဲဒါနဲ့ ဆာတိုရီ ထုတ်လုပ်ရေးကို သွားလျှောက်ဖြစ်ခဲ့ပါတယ်” လို့ဆိုပါတယ်။ ဒေါင်းက ဆာတိုရီထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် စင်တင်မင်းသား အနေနဲ့ စိတ်ကြိုက်ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူးဖို့ သဘောတူညီခဲ့ပါတယ်။

ဒီနောက်မှာတော့ ဖြည်းဖြည်းမှန်မှန် ကြိုးစားလာခဲ့ပြီး လက်ရှိမှာတော့ ပရိသတ်ချစ်ခင်အားပေးမှု များစွာကို ရရှိလာခဲ့တာပါ။ ဇာတ်လမ်းတစ်ခုကို ဖတ်ပြီး ကိုယ့်ရင်ထဲက ခံစားရတာကို ပြန်ဆွဲထုတ်ပြီး ပေးရတဲ့ သရုပ်ဆောင်အလုပ်ကို သဘောကျသလို နေ့စဉ်နဲ့အမျှ ခံစားတွေ့ထိဖြစ်တဲ့ ဂီတကိုလည်း ရူးသွပ်စွဲလန်းပါတယ်လို့ ဒေါင်းကဆိုပါတယ်။ သရုပ်ဆောင်ဒေါင်းက စာဖတ်ဝါသနာ ကြီးမားသူလည်း ဖြစ်ပြီး အမာခံပရိသတ်တွေကို ကိုဗစ်ကာလအတွင်း စာအုပ်ဖတ်ပြတာတွေ၊ စာပေအကြောင်း ဆွေးနွေးတာတွေကို အွန်လိုင်းကနေ လုပ်ပေးခဲ့ပါတယ်။

“ဘဝက အချိုးအကွေ့များတယ် စိန်ခေါ်မှုတွေ အခက်အခဲတွေများတယ်။ လူငယ်တစ်ယောက်အနေနဲ့ အဲဒီလောက် ဖြတ်သန်းစရာ မလိုဘူးလို့ထင်တယ်။ နိုင်ငံရဲ့အနေအထားကြောင့်သာ ဒီလို ဖြတ်သန်း ရတာပေါ့နော်။ လူတိုင်းလည်း ဒီလိုပဲ ဖြတ်သန်းရတာပါပဲ အဲဒီအတွက် ကျေနပ်ပါတယ်။ ဒီလိုဖြတ်သန်းမှုက စာနာမှုကိုဖြစ်စေတယ်။ ဘဝရဲ့အဓိပ္ပာယ် ဖြစ်စေပါတယ် အဲဒီအတွက်တော့ ကျေနပ်ပါတယ်” လို့ အမှတ်တရ ပြောပြခဲ့သလို ပရိသတ်များအတွက် အစွမ်းရှိသလောက်ဆက်လက် ကြိုးစားသွားမယ်ဆိုတာလည်း သတင်းစကားပါး ခဲ့သော ဒေါင်းဟာလည်

အခုအခါမှာတော့ အာဏာသိမ်းမှုကြောင့် ဘဝရဲ့တစ်ဆစ်ချိုးကို ထပ်မံကြုံရကာ တော်လှန်ရေးအတွက် တစ်တပ်တစ်အား ပါဝင်သော ပြည်သူချစ်တဲ့ မင်းသားချောလေး ဒေါင်း တစ်ယောက် ချစ်တဲ့ ပရိသတ် ကြီးတို့ကလည်း ဒေါင်း အတွက်မွေးနေ့ဆုတောင်း စကားတွေ ပြောပေးခဲ့ ကြပါဦးနော်။ ဖတ်ရှု အားပေးခဲ့ကြတဲ့ ပရိသတ် ကြီးတို့လည်း သာယာ ပျော်ရွှင်ဖွယ် နေ့ရက် လေးတွေကို ပိုင်ဆိုင် နိုင်ကြ ပါစေ။
Credit

Add a Comment

Your email address will not be published. Required fields are marked *