




Credit

UNICODE
သားလေးနဲ့ အတူတူ မိသားစုတွေ ခရီးထွက်နေကြတဲ့ ပုံလေးတွေကိုမျှဝေလာတဲ့ Mikis Weber နဲ့ စုစုဝေ…

Gym Trainer တစ်ယောက်ဖြစ်တဲ့ စုစုဝေကတော့ မြန်မာပြည်ကိုချစ်ပြီး မြန်မာစကားကိုကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်တဲ့ Mikis နဲ့ တွဲတာဖြစ်ပြီး ပရိသတ်တွေကလည်း လိုက်ဖက်တဲ့ စုံတွဲလေးအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့်လည်း သူတို့အတွဲလေးက အခုဆိုရင် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ထောင်လိုက်ပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ခင်ပွန်းဖြစ်သူရှိတဲ့ နိုင်ငံရပ်ခြားမှာ လိုက်လံနေထိုင်နေတဲ့ စုစုဝေက ဧပြီလ (၂၈) ရက်နေ့ကပဲ သားလေး Rio ကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပရိသတ်တွေက စုစုဝေတို့ စုံတွဲလေးကိုသာမက သူတို့ ရဲ့ရင်သွေးလေး ကိုပါ ချစ်ခင်နေကြတာ ဖြစ်ပါတယ်။

သားလေးရဲ့ ပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ စုစုဝေက ဒီတစ်ခါမှာလည်း သားလေးနဲ့ အတူတူ မိသားစုတွေ ခရီးထွက်နေကြတဲ့ ပုံရိပ်လေးတွေကို ချပြလာတာပဲ ဖြစ်ပါတယ်။ စုစုဝေက “မေမေ့သားလေး Rio ရဲ့ ပထမဦးဆုံး မိသားစု အားလပ်ရက်ခရီးလေး🤩❤️” ဆိုတဲ့ Caption လေးနဲ့ အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။
Credit

Add a Comment

Your email address will not be published. Required fields are marked *