သူထူးစံတို့ဇနီးမောင်နှံဝေမျှလာတဲ့ ဝမ်းသာစရာသတင်းကောင်းလေး






Source: Thu Htoo San

UNICODE
ပရိသတ်ကြီးရေ.. သရုပ်ဆောင်အနုပညာလောကမှာ အနုအရွဇာတ်ရုပ်တွေအပြင် အကြမ်းအရမ်းတွေမှာလည်း ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေရရှိထားကာ အောင်မြင်စွာရပ်တည်နေ သူကတော့ သူထူးစံပဲ ဖြစ်ပါတယ်..။

သူထူးစံကတော့ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့လက်ရှိအခြေအတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူတွေနဲ့အတူ လူထုလှုပ် ရှားမှုတွေပြုလုပ်နေပြီး အားကြိုးမာန်တတ်နဲ့ တစ်ဖက်တစ်လမ်းကနေ ရပ်တည်နေသူလည်း ဖြစ်ပါတယ်နော်..။

အနုပညာလမ်းကြောင်းကိုလျှောက်လှမ်းနေရင်းနဲ့ပဲ လုပ်ငန်းတူတဲ့ ဇာတ်ပို့မင်းသမီးလေးနဲ့ ရွေလက်တွဲပြီးသာယာတဲ့မိသားစုဘဝလေးဖြစ်အောင် ကြိုးစားနေတာပဲဖြစ်ပါတယ်နော်..

ဒီနေ့လေးမှာတော့ သူထူးစံတို့ဇနီးမောင်နှံက မကြာခင်မှာကလေးအဖေနေရာကိုရောက်ရှိတော့မှာဖြစ်တဲ့အကြောင်းပရိသတ်တွေကိုအသိပေးပြောပြလာခဲ့တာဖြစ်ပါတယ်။

ပထမဆုံးရင်သွေးလေးရရှိသွားပြီဖြစ်တဲ့သူထူးစံအတွက်ဝမ်းသာဂုဏ်ယူကြောင်းနဲ့ဇနီးဖြစ်သူကို ဒီကာလမှာအထူးဂရုစိုက်ဖို့သူ့ရဲ့ပို့စ်အောက်တွင်ပရိသတ်များမှာအားပေးစကားတွေပြောပေးကြတာလည်းဖြစ်ပါတယ်။

မြန်မာဆယ်လီရပ်ကွက်ပရိသတ်ကြီးလည်း သူထူးစံတို့ဇနီးမောင်နှံအတွက် ဝမ်းသာစရာသတင်းလေးအတွက် ဝိုင်းပြီးပျော်ပေးကြပါအုံးနော်..
Source: Thu Htoo San

Add a Comment

Your email address will not be published. Required fields are marked *