




Credit

UNICODE
သူမရဲ့သားလေးကို စိတ်ရှည်လက်ရှည်ထိန်းပေးနေတဲ့ ခင်ပွန်းဖြစ်သူနဲ့ယောက္ခမကြီးရဲ့ပုံရိပ်တွေကိုပြသလာတဲ့ အောန်ဆိုင်း

အောန်ဆိုင်းဆိုတာနဲ့ မိန်းကလေး အချင်းချင်းတောင် အားကျနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတာပါ။ သားလေးတစ်ယောက်လည်း မွေးဖွားထားခဲ့ပြီး သူတို့မိသားစုဘဝလေးက ကြည်နူးဖို့ကောင်းနေတာပါ။

သားလေးရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်မှာ အမြဲတင်ပေးလေ့ရှိပြီး ပရိသတ်တွေ ချစ်နေရတာပါ။ သားလေးဟာ အဖိုးဖြစ်သူရဲ့အချစ်တော် တစ်ယောက်လည်း ဖြစ်ပါတယ်။

လက်ရှိ အမေရိကားမှာနေထိုင်နေတဲ့ သားလေးကလည်း ချစ်စရာကောင်းနေတာကြောင့် ဖေဖေနဲ့ဖိုးဖိုးတို့ရဲ့ အသည်းကျော်လေးပါ။ အမြဲလိုလိုချစ်မဝဖြစ်နေရတာပါ။ သားလေးဘေးကနေကို မခွာပဲ မြေးလေးကို ချစ်မဝဖြစ်နေရတာပါ။

အခုမှာလည်း ဖိုးဖိုးဖြစ်သူနဲ့ ဖေဖေဖြစ်သူတို့နဲ့ သားလေးဟာ ပျော်ရွှင်နေတာပါ။ ခြံထဲမှာ Super Sunday ပျော်ရွှင်နေကြတာပါ။ ဘယ်လိုတောင် ကြည်နူးဖို့ကောင်းလဲအောက်က ပုံရိပ်လေးကို ကြည့်ပြီးချစ်ပေးကြပါဦးနော်။
Credit

Add a Comment

Your email address will not be published. Required fields are marked *