အမွန္တရားဘက္ က ရပ္တည္ က် တဲ့ အႏုပညာရွင္ေတြနဲ႔ စုေပါင္းပါဝင္ထား တဲ့ အႏုပညာတခု ကို ဖန္တီးထားတယ္ဆိုတဲ့ အဆိုေတာ္ လင္းလင္း

အမွန္တရားဘက္ က ရပ္တည္ က် တဲ့ အႏုပညာရွင္ေတြနဲ႔ စုေပါင္းပါဝင္ထား တဲ့ အႏုပညာတခု ကို ဖန္တီးထားတယ္ဆိုတဲ့ အဆိုေတာ္ လင္းလင္း

တစ္သားတည္းျဖစ္သြားတဲ့ လူေတြရဲ႕ စုေပါင္းအားနဲ႔ ‘စမွတ္’ အမည္ရွိဇာတ္လမ္းတို႐ုပ္ရွင္ဖန္တီးထားတယ္လို႔ အဆိုေတာ္ လင္းလင္းက ေျပာပါတယ္။ ႏိုင္ငံ့အနာဂတ္အတြက္ ရပ္တည္ခ်က္၊ ရည္မွန္းခ်က္ တူတဲ့အခါေခါင္းစဥ္ေတြမတူတဲ့ ရပ္ဝန္းကိုယ္စီက လူေတြဟာ တစ္သားထဲျဖစ္သြားၾကၿပီး အဲဒီစုေပါင္းအားနဲ႔ ဒီ “စမွတ္ “ဆိုတဲ့ ဇာတ္ကားေလးျဖစ္ေပၚလာတာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ေပးခ်င္တဲ့စကားေတြ မက္ေဆ့ခ္်ေတြ ၊အေၾကာင္းအရာေတြ၊ေျပာခ်င္တာေတြ အားလုံးကို Short Film ေလးနဲ႔ ပထမဆုံးတင္ျပတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီဇာတ္လမ္းမွာ ပါဝင္တဲ့ သ႐ုပ္ေဆာင္‌ေတြကေတာ့ ျပ ည္သူ႔ဘက္ ေတာ္သားအမွန္တရားဘက္ေတာ္သားမ်ားျဖစ္ၾကတဲ့ မင္းသားေခ်ာ ေဒါင္း နဲ႔ မင္းသမီးခ်စ္သုေဝက အဓိက သ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။

စမွတ္ အမည္နဲ႔ ဖြင့္ထားတဲ့ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ဒီဇာတ္လမ္းတိုနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို တင္ေပးမယ္လို႔လည္း အဆိုေတာ္ လင္းလင္းက လူမႈကြန္ရက္စာမ်က္ႏွာမွာ ရွင္းျပထားပါတယ္။ ဒီဇာတ္လမ္းတိုကို လက္မွတ္ဝယ္ယူ ၾကည့္ရႈရမည္ျဖစ္ၿပီး ၾသဂုတ္ (၈)ရက္ေန႔မွာ ၾကည့္ရႈရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒီဇာတ္လမ္းအတြက္ သီခ်င္းသစ္တစ္ပုဒ္ကိုလည္း ဖန္တီးထားၿပီး အြန္လိုင္းပလက္ေဖာင္းေတြကေန ေရာင္းခ်ေပးမယ္လို႔လည္းလင္းလင္းက ေျပာပါတယ္။ ဇာတ္ကားထဲမွာ သီခ်င္ း တစ္ဝက္တ စ္ပ်က္ေလာက္ အသုံးျပဳ ထားၿပီးသီခ်င္းအစအဆုံးကိုေတာ့ ထပ္ေၾကညာေပးပါမွာ ျဖစ္ကာ music platformေတြျဖစ္တဲ့ iTunes၊ Spotify တို႔ကေန ေရာင္းမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

အဆိုေတာ္လင္းလင္းက ေတာ္လွန္ေရးအတြက္ ရန္ပုံေငြရရွိဖို႔ သီခ်င္း‌ေတြကိုယ္တိုင္ေရး ကိုယ္တိုင္ဆိုကာ YouTube channel ေတြမွာ တင္ေပးတာေတြ ရွိၿပီး “စမွတ္” ဇာတ္လမ္းတိုကေတာ့ သူရဲ႕ ပထမဆုံး ဇာတ္လမ္းတိုလည္း ျဖစ္ပါတယ္။
Credit

UNICODE
အမှန်တရားဘက် က ရပ်တည် ကျ တဲ့ အနုပညာရှင်တွေနဲ့ စုပေါင်းပါဝင်ထား တဲ့ အနုပညာတခု ကို ဖန်တီးထားတယ်ဆိုတဲ့ အဆိုတော် လင်းလင်း

တစ်သားတည်းဖြစ်သွားတဲ့ လူတွေရဲ့ စုပေါင်းအားနဲ့ ‘စမှတ်’ အမည်ရှိဇာတ်လမ်းတိုရုပ်ရှင်ဖန်တီးထားတယ်လို့ အဆိုတော် လင်းလင်းက ပြောပါတယ်။ နိုင်ငံ့အနာဂတ်အတွက် ရပ်တည်ချက်၊ ရည်မှန်းချက် တူတဲ့အခါခေါင်းစဉ်တွေမတူတဲ့ ရပ်ဝန်းကိုယ်စီက လူတွေဟာ တစ်သားထဲဖြစ်သွားကြပြီး အဲဒီစုပေါင်းအားနဲ့ ဒီ “စမှတ် “ဆိုတဲ့ ဇာတ်ကားလေးဖြစ်ပေါ်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပေးချင်တဲ့စကားတွေ မက်ဆေ့ခ်ျတွေ ၊အကြောင်းအရာတွေ၊ပြောချင်တာတွေ အားလုံးကို Short Film လေးနဲ့ ပထမဆုံးတင်ပြတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ သရုပ်ဆောင်‌တွေကတော့ ပြ ည်သူ့ဘက် တော်သားအမှန်တရားဘက်တော်သားများဖြစ်ကြတဲ့ မင်းသားချော ဒေါင်း နဲ့ မင်းသမီးချစ်သုဝေက အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

စမှတ် အမည်နဲ့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီဇာတ်လမ်းတိုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ပေးမယ်လို့လည်း အဆိုတော် လင်းလင်းက လူမှုကွန်ရက်စာမျက်နှာမှာ ရှင်းပြထားပါတယ်။ ဒီဇာတ်လမ်းတိုကို လက်မှတ်ဝယ်ယူ ကြည့်ရှုရမည်ဖြစ်ပြီး သြဂုတ် (၈)ရက်နေ့မှာ ကြည့်ရှုရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီဇာတ်လမ်းအတွက် သီချင်းသစ်တစ်ပုဒ်ကိုလည်း ဖန်တီးထားပြီး အွန်လိုင်းပလက်ဖောင်းတွေကနေ ရောင်းချပေးမယ်လို့လည်းလင်းလင်းက ပြောပါတယ်။ ဇာတ်ကားထဲမှာ သီချင် း တစ်ဝက်တ စ်ပျက်လောက် အသုံးပြု ထားပြီးသီချင်းအစအဆုံးကိုတော့ ထပ်ကြေညာပေးပါမှာ ဖြစ်ကာ music platformတွေဖြစ်တဲ့ iTunes၊ Spotify တို့ကနေ ရောင်းမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဆိုတော်လင်းလင်းက တော်လှန်ရေးအတွက် ရန်ပုံငွေရရှိဖို့ သီချင်း‌တွေကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုကာ YouTube channel တွေမှာ တင်ပေးတာတွေ ရှိပြီး “စမှတ်” ဇာတ်လမ်းတိုကတော့ သူရဲ့ ပထမဆုံး ဇာတ်လမ်းတိုလည်း ဖြစ်ပါတယ်။
Credit

Add a Comment

Your email address will not be published. Required fields are marked *