




Credit

UNICODE
အမေရင်းနဲ့မခြား ချစ်ခင်တွယ်တာရတဲ့ ယောက္ခမမေမေကို ပရိတ်သတ်တွေ အားကျရလောက်အောင် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မော်ဒယ်လ် ခင်လွှမ်း….

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ခင်လွှမ်းကတော့ လက်ရှိမှာ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူမကတော့ ကလေးအမေတစ်ယောက်ဖြစ်နေပေမယ့်လည်း အနုပညာလှုပ်ရှားမှုတွေကိုတော့ အမြဲလုပ်နေသူတစ်ဦး ဖြစ်ပါတယ်။

တစ်နေ့တာ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေ သိရှိနိုင်စေရန် ဝေမျှပေးတတ်ပါသေးတယ်။ မကြာသေးခင်က ခင်လွှမ်းရဲ့ Tik Tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ယောက္ခထီးကို တီတီတာတာလေးတွေပြောပြီး ချွဲနေတဲ့ ယောက္ခမဖြစ်သူရဲ့အမူအရာကို ဗီဒီယိုလေးရိုက်ထားပြီး ချစ်မဝဖြစ်နေတာ ဖြစ်ပါတယ်။

ခင်လွှမ်းကတော့ သူမရဲ့ယောက္ခမတွေကို မိဘအရင်းသဖွယ် ချစ်ခင်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခင်လွှမ်းက Happy birthday ပါ ချစ်ရတဲ့ မေကြီး 🎊🎉🎂🎉🎊မွေးနေ့ကစပြီး ဒီမိသားစုကြီးနဲ့အတူ ဘာသာ သာသနာကို ဆန္ဒရှိတိုင်း နှစ်ပေါင်းမြောက်များစွာ ပံ့ပိုးကူညီ သာသနာပြုသွားနိုင်ပါစေရှင် 🥰🙏🥰 ဆိုပြီး ‌မွေးနေ့ဆုတောင်းပေးလိုက်တာပဲဖြစ်ပါတယ်။
Credit

Add a Comment

Your email address will not be published. Required fields are marked *