













Credit

UNICODE
အပြာရောင်မျက်ကပ်မှန်ကို အမြဲတမ်းတပ်ဖြစ်ရတဲ့ အကြောင်းရင်းကို ပြောပြလာခဲ့တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်

L လွန်းဝါ သီဆိုထားတဲ့ နာမည်ကြီးသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ အချစ်မျက်ဝန်း သီချင်းထဲမှာသရုပ်ဆောင်ထားတဲ့ ဘိုဆန်ဆန်မျက်နှာနဲ့ မျက်လုံးအပြာရောင်ပိုင်ရှင်လေးကို မှတ်မိကြအုန်းမယ်ထင်ပါတယ်။ သူမကတော့ ဇင်ဇင်ဇော်မြင့် ပဲဖြစ်ပါတယ်။ ဇင်ဇင်ဇော်မြင့် ဟာ တေးသီချင်း MTV မြှောက်မြားစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ထူးခြားတဲ့ မျက်ဝန်းအပြာရောင်‌လေးကြောင့်လဲ လူသိများလာခဲ့တာပါ။

နောက်ပိုင်းမှာ ကျောက်မျက်ရတနာလုပ်ငန်းကို လုပ်ကိုင်ရင်း အနုပညာနဲ့ ဝေးကွာသွားပြီးနောက် ဒုတိယအကြိမ်အဖြစ် အနုပညာလောကကို ” ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့် ဟာ အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သားလေးနှစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ဦးလဲ ဖြစ်ပါတယ်။

သာယာဖြောင့်ဖြူးပြီး အိမ်ထောင်ရေးကံကောင်းသူလေးဖြစ်တဲ့ သူမရဲ့အိမ်ထောင်ရေး ခရီးလမ်းကိုတော့ ပရိသတ်တွေက အားကျနေကြတာလဲ ဖြစ်ပါတယ်။ ဇင်ဇင်ဇော်မြင့် ဟာ မျက်ကပ်မှန်ကို အပြာရောင်(Sky Blue) ရောင်လေးကိုသဘောကျပြီး အပြာရောင်က စိတ်အေးချမ်းလို့ မိုးပြာရောင်ကိုပဲ ရွေးတတ်ဖြစ်ခဲ့တာပါ။

” ကိုယ်ကိုယ်တိုင်လည်း အဲဒီမျက်လုံးအပြာလေးကိုတပ်ပြီးတော့မှ အပြင်ကိုသွားလို့အဆင်ပြေတယ်၊ တခြားမျက်ကပ်မှန်တွေ တခြားအရောင်တွေဆို ကိုယ်ကလည်းမကြိုက်ဘူး၊ ဘယ်လောက်ကြီးပဲဒီဇိုင်းအဆန်းတွေပေါ်ပေါ် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအပြာရောင်လေးကိုတပ်ပြီးမှအပြင်သွားရတာ ပိုကြိုက်တယ်…” ဒီလို မျက်လုံးအပြာရောင်လေးကြောင့်လဲ ဇင်ဇင်ဇော်မြင့် ဆိုတာဖြစ်လာတာပါတဲ့။

သရုပ်ဆောင် ဇင်ဇင်ဇော်မြင့် ဟာ အခုချိန်ထိ မပြောင်းလဲဘဲ မျက်ကပ်မှန် အပြာရောင်လေးကို တပ်နေတုန်းပါပဲ။ သူမက မျက်ကပ်မှန်ကို အမြဲတပ်ရတဲ့အကြောင်းရင်းကတော့ အဝေးမှုန်ဖြစ်တာကြောင့် တပ်ဖြစ်တာပါတဲ့။ ရုပ်ရှင်ရိုက်ကူးတဲ့နေရာမှာ မျက်မှန်နဲ့ရိုက်ကူးလို့ မရနိုင်တဲ့အပြင် မျက်မှန်မပါရင် မမြင်ရတဲ့အခြေအနေကြောင့် မျက်ကပ်မှန်တပ်ရင်းနဲ့ မျက်နှာက မြန်မာမဆန်တာကြောင့် မျက်ကပ်မှန်အပြာလေးတပ်လိုက်တော့ ပိုလိုက်ဖက်သွားတယ်။

အဲဒါနဲ့ ပရိသတ်တွေက ဇင်ဇင်ဇော်မြင့် လို့ ပြောလိုက်ရင် မျက်ဝန်းပြာလေး ကိုပါ တွဲပြီး မြင်ကြတယ်။ ချစ်မျက်ဝန်း ပိုင်ရှင်လေး ဆိုပြီး အခုချိန်ထိ မမေ့ဘဲ အားပေးလို့ ကျေးဇူးတင်ပါတယ်တဲ့။ ပရိသတ်တွေက မျက်လုံးကြောင့်ပဲ သတိထားပြီး ပိုချစ်ပေးခဲ့တယ်၊အခုချိန်ထိသတိရသေးတဲ့ ပရိသတ်တွေရှိတာကြောင့်လဲ အရမ်းပျော်နေပြီးတော့ အနုပညာပြန်လုပ်ချင်ပါတယ်တဲ့ ဒါပေမယ့် စီးပွားရေးတစ်ဖက်ကလဲ ရှိသေးတာကြောင့် အချိန်မပေးနိုင်သေးပါဖူးတဲ့။

အပြာရောင်မျက်ကပ်မှန်ကို အမြဲတမ်းတပ်ဖြစ်ရတဲ့ အကြောင်းရင်းကို ပြောပြလာခဲ့တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့် L လွန်းဝါ သီဆိုထားတဲ့ နာမည်ကြီးသီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ အချစ်မျက်ဝန်း သီချင်းထဲမှာသရုပ်ဆောင်ထားတဲ့ ဘိုဆန်ဆန်မျက်နှာနဲ့ မျက်လုံးအပြာရောင်ပိုင်ရှင်လေးကို မှတ်မိကြအုန်းမယ်ထင်ပါတယ်။

သူမကတော့ ဇင်ဇင်ဇော်မြင့် ပဲဖြစ်ပါတယ်။ ဇင်ဇင်ဇော်မြင့် ဟာ တေးသီချင်း MTV မြှောက်မြားစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ထူးခြားတဲ့ မျက်ဝန်းအပြာရောင်‌လေးကြောင့်လဲ လူသိများလာခဲ့တာပါ။ နောက်ပိုင်းမှာ ကျောက်မျက်ရတနာလုပ်ငန်းကို လုပ်ကိုင်ရင်း အနုပညာနဲ့ ဝေးကွာသွားပြီးနောက် ဒုတိယအကြိမ်အဖြစ် အနုပညာလောကကို ” ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

သရုပ်ဆောင် ဇင်ဇင်ဇော်မြင့် ဟာ အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သားလေးနှစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ဦးလဲ ဖြစ်ပါတယ်။ သာယာဖြောင့်ဖြူးပြီး အိမ်ထောင်ရေးကံကောင်းသူလေးဖြစ်တဲ့ သူမရဲ့အိမ်ထောင်ရေး ခရီးလမ်းကိုတော့ ပရိသတ်တွေက အားကျနေကြတာလဲ ဖြစ်ပါတယ်။

ဇင်ဇင်ဇော်မြင့် ဟာ မျက်ကပ်မှန်ကို အပြာရောင်(Sky Blue) ရောင်လေးကိုသဘောကျပြီး အပြာရောင်က စိတ်အေးချမ်းလို့ မိုးပြာရောင်ကိုပဲ ရွေးတတ်ဖြစ်ခဲ့တာပါ။ ” ကိုယ်ကိုယ်တိုင်လည်း အဲဒီမျက်လုံးအပြာလေးကိုတပ်ပြီးတော့မှ အပြင်ကိုသွားလို့အဆင်ပြေတယ်၊ တခြားမျက်ကပ်မှန်တွေ တခြားအရောင်တွေဆို ကိုယ်ကလည်းမကြိုက်ဘူး၊

ဘယ်လောက်ကြီးပဲဒီဇိုင်းအဆန်းတွေပေါ်ပေါ် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအပြာရောင်လေးကိုတပ်ပြီးမှအပြင်သွားရတာ ပိုကြိုက်တယ်…” ဒီလို မျက်လုံးအပြာရောင်လေးကြောင့်လဲ ဇင်ဇင်ဇော်မြင့် ဆိုတာဖြစ်လာတာပါတဲ့။ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့် ဟာ အခုချိန်ထိ မပြောင်းလဲဘဲ မျက်ကပ်မှန် အပြာရောင်လေးကို တပ်နေတုန်းပါပဲ။ သူမက မျက်ကပ်မှန်ကို အမြဲတပ်ရတဲ့အကြောင်းရင်းကတော့ အဝေးမှုန်ဖြစ်တာကြောင့် တပ်ဖြစ်တာပါတဲ့။

ရုပ်ရှင်ရိုက်ကူးတဲ့နေရာမှာ မျက်မှန်နဲ့ရိုက်ကူးလို့ မရနိုင်တဲ့အပြင် မျက်မှန်မပါရင် မမြင်ရတဲ့အခြေအနေကြောင့် မျက်ကပ်မှန်တပ်ရင်းနဲ့ မျက်နှာက မြန်မာမဆန်တာကြောင့် မျက်ကပ်မှန်အပြာလေးတပ်လိုက်တော့ ပိုလိုက်ဖက်သွားတယ်။ အဲဒါနဲ့ ပရိသတ်တွေက ဇင်ဇင်ဇော်မြင့် လို့ ပြောလိုက်ရင် မျက်ဝန်းပြာလေး ကိုပါ တွဲပြီး မြင်ကြတယ်။ ချစ်မျက်ဝန်း ပိုင်ရှင်လေး ဆိုပြီး အခုချိန်ထိ မမေ့ဘဲ အားပေးလို့ ကျေးဇူးတင်ပါတယ်တဲ့။

ပရိသတ်တွေက မျက်လုံးကြောင့်ပဲ သတိထားပြီး ပိုချစ်ပေးခဲ့တယ်၊အခုချိန်ထိသတိရသေးတဲ့ ပရိသတ်တွေရှိတာကြောင့်လဲ အရမ်းပျော်နေပြီးတော့ အနုပညာပြန်လုပ်ချင်ပါတယ်တဲ့ ဒါပေမယ့် စီးပွားရေးတစ်ဖက်ကလဲ ရှိသေးတာကြောင့် အချိန်မပေးနိုင်သေးပါဖူးတဲ့။
Credit

Add a Comment

Your email address will not be published. Required fields are marked *