




Credit

UNICODE
အနုပညာသမားတွေအတွက် အကယ်ဒမီပေးပွဲဆိုတာ မဖြစ်မနေ ကျင်းပရမယ်လို့ ဆိုလာတဲ့ သရုပ်ဆောင် ဦးဝင်းမြိုင်…

အနုပညာလောကမှာ နှစ်ပေါင်းများစွာ ကြာအောင် ရပ်တည်နိုင်ခဲ့ပြီး ဇာတ်ရုပ်မျိုးစုံမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးဖြစ်သော ဦးဝင်းမြိုင် ကိုတော့ မိတ်ဆက်ပေးစရာ မလိုတော့အောင် အားလုံး သိပြီးသား ဖြစ်မှာပါပဲနော်။

ဦးဝင်းမြိုင်ဟာ ဆိုရင် ယခုနောက်ပိုင်းနှစ်တွေမှာ အသက်အရွယ်ကြီးရင့် လာတာနဲ့အမျှ အဖေခန်းတွေမှာ သရုပ်ဆောင်နေခဲ့ရသူ တစ်ဦးဖြစ်ပြီး ဝါရင့်အနုပညာရှင် တစ်ဦးပီပီသူဌေးခန်း ဆင်းရဲသားခန်းတွေ သာမက ကျရာဇာတ်ရုပ်တိုင်းမှာလည်း အကောင်းဆုံး ပုံဖော်နိုင်ခဲ့တာကြောင့် ပရိသတ် အားပေးမှု အခိုင်အမာ ရယူပိုင်ဆိုင်ထားသော သူတစ်ဦးလို့ ဆိုရမှာပါနော်။

ယခုအခါ မှာဆော့ ဦးဝင်းမြိုင်က အကယ်ဒမီပေးပွဲနှင့်ပတ်သက်ပြီး သူ့ရဲ့ အယူအဆ သဘောထားတွေကို ခုလို ချပြ ပြောကြားလို့ လာခဲ့တာကို တွေ့မြင် ရပါတယ်။ “အနုပညာလောကသားတွေ အတွက် အကယ်ဒမီပေးပွဲ ဆိုတာကို ကျင်းပစေချင်တယ်။ အားလုံးကိုလည်း ဝိုင်းဝန်းပြီး ကူညီစေချင် ပါတယ်။

ဖြတ်လျှောက်ပါတဲ့သူကအစအကယ်ဒမီကို မျှော်လင့်ကြတာ ပါပဲ။ သရုပ်ဆောင်တိုင်း မျှော်လင့်ခွင့် ရှိတယ်။ ရခြင်း မရခြင်းကတော့ သူတို့ကံပါပဲ၊ အကယ်ဒမီပေးပွဲ မတတ်ရောက်တဲ့ အနုပညာသမားတွေကိုလည်း အပြစ်မပြောပါဘူး။” ဆိုပြီး အကယ်ဒမီ ပေးပွဲ ကျင်းပမည့်အကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့သထေားကို ​သရုပ်ဆောင် ဦးဝင်းမြိုင်က ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်။
Credit

Add a Comment

Your email address will not be published. Required fields are marked *