Credit
UNICODE
ချောမောလှပပြီး ထူးချွန်ထက်မြက်တဲ့ လူရည်ချွန် အမျိုးသမီးတစ်ဦးရဲ့ သားဖြစ်ခဲ့တဲ့ မင်းသား ရဲတိုက်
ပရိသတ်ကြီးရေ ဖေဖော်ဝါရီလမှစပြီးတော့ အခုအချိန်ထိတိုင်အောင် ပြည်သူလူထုပါမကျန် အနုပညာရှင် တွေအားလုံးဟာ အတိုက်အခိုက် အန္တရာယ် တွေခက်ခဲမှု့တွေ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရပေမယ့် ဒီမိုကရေစီရရှိရေးအတွက် နောက်မဆုတ်ဘဲ ရှေ့ဆက်လှမ်းကာ အားတတ်သရောရရာ နေရာကနေနိုင် သလောက် ပါဝင်နေကြဆဲပါ အနုပညာရှင်များကလည်း ပြည်သူတွေနဲ့ အတူရပ် တည်ကာလမ်းမပေါ်ထွက် ကာလှုပ်ရှားမှု တွေပြုလုပ်ခဲ့ကြပါတယ်။
အမှန်တရားဘက်မှာ ရပ်တည်ရင်းနဲ့ ပြည်သူတွေနဲ့အတူတူ လမ်းမပေါ်ထွက် ဆန္ဒအတူတကွ ထုတ်ဖော်ပြသခဲ့တဲ့ အနုပညာရှင်တွေဟာ ကံမကောင်းစွာနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံရပြီးနောက် ၃ နှစ် အမိန့်ချမှတ်ခံရပြီး အင်းစိန်းထောင်မှာ အထိန်းသိမ်းခံခဲ့ရပါတယ် ဖမ်းဆီးခံအနုပညာရှင်တွေထဲကမှာ အချို့အနုပညာရှင်တွေကတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဒါပေမယ့် စိတ်မကောင်းစရာကတော့ အနုပညာရှင်တစ်ချို့ကတော့ ဆက်လက်ဖမ်းဆီးခံရဆဲပဲ ဖြစ်ပါတယ်။ သူတို့တွေကတော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် စောဖိုးခွား၊အဆိုတော် ပိုပို နဲ့ အဆိုတော်ကြီး ဇော်ဝင်းထွဋ် ရဲ့သား အီတိုး နဲ့ ဟာသသရုပ်ဆောင် ဆင်မတို့ပဲ ဖြစ်ပါတယ်။ ဒီလိုမလွတ်မြောက်သေးတဲ့အထဲမှာပါဝင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရဲတိုက် ဟာ တစ်ချိန်က ထူးချွန်ထက်မြတ်တဲ့ လူရည်ချွန် အမျိုးသမီးတစ်ဦး ရဲ့ သားဖြစ်သူပါ။
ရဲတိုက် ရဲ့ မိခင် ဟာ ၁၉၆၅ လူရည်ချွန်စီမံကိန်း ဒုတိယနှစ် ငပလီစခန်းမှာ လုပ်တဲ့နှစ်ကလူရည်ချွန်ဖြစ်တဲ့ မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တောင်ကြီးသူဖြစ်ပြီး အရမ်း ထူးချွန်ထက်မြက်သူတစ်ဦးလဲ ဖြစ်ပါတယ်။။ မိခင်ရဲ့ နာမည်ကတော့ ဒေါ်ခင်သန့်စင် ပါ၊ လသာ ၂မှာ အထက်တန်းပြဆရာမ တစ်ဦးအဖြစ် လုပ်ကိုင်နေပါတယ်။ သူမမှာ နာမည်ကျော် မင်းသားတစ်ဦးဖြစ်တဲ့ သားလေးတစ်ဦးရှိပါတယ်။ အမှန်တရားအတွက် မတရားတဲ့ပုဒ်မတွေတပ်ပြီး ဖမ်းဆီးခံထားရတဲ့ ရဲတိုက် ပဲ ဖြစ်ပါတယ်။
Credit
Add a Comment
Your email address will not be published. Required fields are marked *