




Credit

UNICODE
တော်လှန်​ရေးဆိုတာ အဖွဲ့အစည်းတစ်ခု​ပေါ်မှာ အလွန်မှီခိုလို့မရဘူးလို့ ရှင်းပြလိုက်တဲ့ ဟိန်းထက်

MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှစလို့ ပရိတ်သ‌‌တ်တွေရဲ့ ရင်ထဲကိုအောင်မြင်မှုများစွာနဲ့ တဟုန်ထိုးဝင်ရောက်လာတဲ့ မင်းသားချော ဟိန်းထက် ကိုလည်း မှတ်မိကြမယ်ထင်ပါတယ်။ ဟိန်းထက် ဟာ မင်းသမီးချော မေမြင့်မိုရ်နဲ့တွဲဖက်သရုပ်ဆောင်ထားပြီးတော့ ဝါရင့်အနုပညာရှင်ကြီးတွေနဲ့ အပြိုင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အရိပ်ဇာတ်လမ်းတွဲကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်လက်ခံအားပေးမှု့ကို တစ်ခဲနက်ရရှိခဲ့ပါတယ်။

ကိုရင်မောင်ရယ်လို့ ဂျီဟောသူရုပ်သံဇာတ်လမ်းတွဲမှာလည်း မိန်းကလေးပရိတ်သတ်တွေ အင်မတန်နှစ်သက်အားပေးခဲ့ကြတဲ့ မင်းသားချောတစ်လက်ဆိုရင်လည်း မမှားပါဘူး။ ဟိန်းထက် ကတော့ တော်လှန်ရေးလုပ်တဲ့နေရာမှာ အဖွဲ့အစည်းတစ်ခုအပေါ် အရမ်းမှီခိုလို့မရတဲ့အကြောင်းကို ” တော်လှန်​ရေးဆိုတာ အဖွဲ့အစည်းတစ်ခု​ပေါ်အလွန်မှီခိုလို့မရဘူး။

အကယ်လို့အဲ့ဒီ့အဖွဲ့အစည်းက အ​ကြောင်း​ကြောင်း​ကြောင့် ပြိုလဲသွားရင်ဖြစ်​စေ စစ်မှန်မှုမရှိပဲ သိုး​ရေခြုံထားရင်ဖြစ်​စေ ဒီအဖွဲ့အစည်းက ​ပေးဆပ်ခြင်းထက်ရယူခြင်းများရင် မင်းရဲ့​တော်လှန်​ရေးက အဆုံးသတ်သွားလိမ့်မယ်” လို့ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ဟိန်းထက် ကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားအတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်နေတာလည်း ဖြစ်ပါတယ်။

မင်းသား ဟိန်းထက် ဟာ လွတ်မြောက်နယ်မြေကို သွားရောက်ဖို့အတွက် သံယောဇဥ်နှောင်ကြိုးတွေကိုလဲ အပီးတိုင်ဖြတ်ခဲ့ပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားနေတာကိုလဲတွေ့ရပါတယ်။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေလို့ တောင်းဆုပြည့်ပါတယ်။
Credit

Add a Comment

Your email address will not be published. Required fields are marked *