Credit
UNICODE
ယောက်ျားတွေနဲ့ပတ်သက်ပြီး ပရိသတ်ကြီးကို သတိပေးစကားလေးတစ်ခွန်း ပြောပြလာတဲ့ မေမီကိုကို
MRTV-4 မင်းသမီးလေး မေမီကိုကို ကတော့ ဇာတ်လမ်းတွဲတွေ များစွာ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိ ထားသူလေးမို့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်။ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းတာမို့
ပရိသတ်တွေအားပေး ချစ်ခင်ကြတဲ့ မေမီလေးကတော့ ချစ်သူလေးနဲ့ အချစ်ရေးမှာအဆင်ပြေနေလို့ လူတိုင်းကအားကျနေရတဲ့ မင်းသမီးလေးဖြစ်ပါတယ်နော်။ချစ်စရာ အပြုံလေးတွေနဲ့ မြင်သူတိုင်းကိုစွဲဆောင်နိုင်သူလေး ဖြစ်နေတဲ့ မေမီကိိုကိုကတော့ အရမ်းကိုအချစ်ခံနေရသူလေး ဖြစ်ပါတယ်နော်
သူမကတော့ သူငယ်ချင်းတွေနဲ့လည်းနွဲ့ဆိုးဆိုးတတ်သူလေး ဖြစ်နေတယ်လို့လည်း သူငယ်ချင်းဖြစ်သူနဲ့အင်တာဗျုးမှာဖြေပေးပါသေးတယ်နော်.. ခုတစ်လောမှာ MRTV-4 မှာ ပြန်လွှင့်နေတဲ့ ပျားရည်အိုင် ဇာတ်လမ်းထဲမှာတော့ မြိုင်ဆိုတဲ့ ဇာတ်ရုပ်လေးနဲ့လိုက်ဖက်လွန်းတာကြောင့်လည်း ပရိသတ်တွေက အရမ်းကိုအားပေးနေကြတာ ဖြစ်ပါတယ်နော်။
သူမ ကတော့ ဒီနေ့လေးမှာ ချစ်ရတဲ့ ပရိသတ်ကြီးကို ” အားပေးကြတဲ့အတွက် ကျေးဇူးမွချိပါနော်..မြိုင့်ကိုအားကျပြီး သိန်း ၂၀ နဲ့ယောက်ျားဝယ်ဖို့ မစဉ်းစားကြပါနဲ့ အဆုံးမကောင်းဘူးနော်. ဆိုပြီး အမှာစကားလေးတစ်ခွန်းကို ချစ်စရာကောင်းအောင် စနောက်ပြီး မှာထားခဲ့ပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။
Credit
Add a Comment
Your email address will not be published. Required fields are marked *