ျမန္မာ့႐ုပ္ရွင္သမိုင္းမွာ ဆယ္စုႏွစ္မ်ားစြာ ေအာင္ျမင္မႈမ်ားစြာနဲ႔ ရပ္တည္ႏိုင္ခဲ့တဲ့ မင္းသမီးႀကီး မို႔မို႔ျမင့္ေအာင္….
|ျမန္မာ့႐ုပ္ရွင္သမိုင္းမွာ ဆယ္စုႏွစ္မ်ားစြာ ေအာင္ျမင္မႈမ်ားစြာနဲ႔ ရပ္တည္ႏိုင္ခဲ့တဲ့ မင္းသမီးႀကီး မို႔မို႔ျမင့္ေအာင္….
မို႔မို႔ျမင့္ေအာင္ကေတာ့ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ငါးဆုပိုင္ရွင္ မင္းသမီးတစ္ဦးပဲျဖစ္ပါတယ္။ သူမကိုေတာ့ ၁၉၆၀ ခုႏွစ္၊ ေမလ ၂၅ ရက္ေန႔မွာ ဦးျမင့္ေအာင္၊ ေဒၚ သန္းရင္တို႔မွ ေမြးဖြားခဲ့ပါတယ္။ သူမရဲ႕ဖခင္ကေတာ့ တစ္ခ်ိန္တုန္းက ေအာင္ျမင္ခဲ့တဲ့ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ တစ္ဦးလည္း ျဖစ္ပါတယ္။ ဇာတိကေတာ့ ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္၊ ေက်ာက္ေျမာင္းပဲျဖစ္ပါတယ္။ ေမြးခ်င္းေမာင္ႏွမ ငါးေယာက္ရွိၿပီးေတာ့ သူမက အငယ္ဆုံးျဖစ္ပါတယ္။ အမည္ရင္းကေတာ့ ျမင့္ျမင့္ခိုင္ျဖစ္ၿပီး သူမရဲ႕ ငယ္နာမည္ကေတာ့ ေမႊးေမႊးျဖစ္ပါတယ္။
ငယ္စဥ္ကတည္းက သူမရဲ႕ ရည္မွန္းခ်က္ကေတာ့ မင္းသမီးႀကီး ဝါဝါဝင္းေ႐ႊ၊ ခင္သန္းႏု တို႔လို ေအာင္ျမင္ေက်ာ္ၾကားတဲ့ မင္းသမီးတစ္ဦးျဖစ္ဖို႔ပဲျဖစ္ပါတယ္။ အတန္းပညာကိုေတာ့ အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္း၊ တာေမြမွာ တက္ေရာက္သင္ၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အႏုပညာဘက္မွာ စိတ္အားထက္သန္ေနတာေၾကာင့္ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ အႀကိမ္ႀကိမ္ က်ရႈံးခဲ့ပါတယ္။ သူမရဲ႕သူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ား ေကာလိပ္ေရာက္ကုန္တဲ့အခါမွာေတာ့ ပညာေရးကို အေလ်ာ့ေပးခဲ့ၿပီး အႏုပညာနယ္ပယ္ထဲကို ေျခစုံပစ္ဝင္ေရာက္ခဲ့ပါေတာ့တယ္။
မင္းသားႀကီး ဦးေက်ာ္ဟိန္းနဲ႔ ၁၉၇၉ ခုႏွစ္မွာ တြဲဖက္႐ိုက္ကူးခဲ့တဲ့ မြန္းတည့္ခ်ိန္မွာ ေနဝင္သည္ ဆိုတဲ့ ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး အႏုပညာလမ္းေၾကာင္းေပၚကို စတင္ေျခခ်ခဲ့ပါတယ္။ ဒီအခ်ိန္မွာ သူမရဲ႕ အသက္ဟာ အင္မတန္မွငယ္႐ြယ္လွပါေသးတယ္။ အႏုပညာေလာကထဲဝင္ေရာက္ၿပီး ငါးႏွစ္အၾကာ ၁၉၈၄ ခုႏွစ္မွာ ပထမဆုံး အကယ္ဒမီရခဲ့ၿပီးတဲ့ေနာက္ အရည္အခ်င္းျပည့္ဝတဲ့ ေခါင္းေဆာင္မင္းသမီးတစ္ဦးအျဖစ္ တစ္ႏိုင္ငံလုံးက အသိအမွတ္ျပဳခဲ့ၾကပါတယ္။ သူမဟာ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုကို ငါးႀကိမ္တိုင္တိုင္ ရရွိခဲ့တဲ့ ဝါရင့္သမာၻရင့္ မင္းသမီးႀကီးတစ္ဦးျဖစ္ပါတယ္။ ႏွလုံးသားၿမိဳ႕ေတာ္(၁၉၈၄)၊ ခပ္စိမ္းစိမ္းေနပါ့မယ္(၁၉၈၉)၊ သမီးနဲ႔အေမမ်ား(၁၉၉၁)၊ မသုဓမၼစာရီ(၁၉၉၄)၊ ျမင့္မိုရ္ထက္ သရဖူ(၂၀၀၈) စတဲ့ ႐ုပ္ရွင္ကားႀကီးေတြနဲ႔ အကယ္ဒမီထူးခြၽန္ဆုေတြ ဆြတ္ခူးခဲ့ပါတယ္။ ႏွလုံးသားၿမိဳ႕ေတာ္ဇာတ္ကားတစ္ခုထဲမွာသာ အမ်ိဳးသမီး ဇာတ္ပို႔ဆု ရရွိခဲ့တာျဖစ္ၿပီး က်န္တဲ့ေလးဆုစလုံးကေတာ့ ဇာတ္ေဆာင္ဆုေတြပဲျဖစ္ပါတယ္။
မို႔မို႔ျမင့္ေအာင္ဟာ ျမန္မာ့႐ုပ္ရွင္သမိုင္းမွာ ဆယ္စုႏွစ္မ်ားစြာ ေအာင္ျမင္စြာနဲ႔ ရပ္တည္ႏိုင္ခဲ့တဲ့ အႏုပညာရွင္ အနည္းငယ္ထဲက တစ္ဦးအပါအဝင္ ျဖစ္ပါတယ္။ အခုအခ်ိန္မွာ အငက္အ႐ြယ္ရလာေပမယ့္လည္း အေမခန္း၊ အဘြားခန္းေတြမွာ ထည္ဝါစြာနဲ႔ ရပ္တည္ေနဆဲပဲျဖစ္ပါတယ္။
credit
UNICODE
မြန်မာ့ရုပ်ရှင်သမိုင်းမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နိုင်ခဲ့တဲ့ မင်းသမီးကြီး မို့မို့မြင့်အောင်….
မို့မို့မြင့်အောင်ကတော့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ငါးဆုပိုင်ရှင် မင်းသမီးတစ်ဦးပဲဖြစ်ပါတယ်။ သူမကိုတော့ ၁၉၆၀ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှာ ဦးမြင့်အောင်၊ ဒေါ် သန်းရင်တို့မှ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ဖခင်ကတော့ တစ်ချိန်တုန်းက အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ ဇာတိကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းပဲဖြစ်ပါတယ်။ မွေးချင်းမောင်နှမ ငါးယောက်ရှိပြီးတော့ သူမက အငယ်ဆုံးဖြစ်ပါတယ်။ အမည်ရင်းကတော့ မြင့်မြင့်ခိုင်ဖြစ်ပြီး သူမရဲ့ ငယ်နာမည်ကတော့ မွှေးမွှေးဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက သူမရဲ့ ရည်မှန်းချက်ကတော့ မင်းသမီးကြီး ဝါဝါဝင်းရွှေ၊ ခင်သန်းနု တို့လို အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦးဖြစ်ဖို့ပဲဖြစ်ပါတယ်။ အတန်းပညာကိုတော့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ တာမွေမှာ တက်ရောက်သင်ကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အနုပညာဘက်မှာ စိတ်အားထက်သန်နေတာကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အကြိမ်ကြိမ် ကျရှုံးခဲ့ပါတယ်။ သူမရဲ့သူငယ်ချင်းတော်တော်များများ ကောလိပ်ရောက်ကုန်တဲ့အခါမှာတော့ ပညာရေးကို အလျော့ပေးခဲ့ပြီး အနုပညာနယ်ပယ်ထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့ပါတော့တယ်။
မင်းသားကြီး ဦးကျော်ဟိန်းနဲ့ ၁၉၇၉ ခုနှစ်မှာ တွဲဖက်ရိုက်ကူးခဲ့တဲ့ မွန်းတည့်ချိန်မှာ နေဝင်သည် ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အနုပညာလမ်းကြောင်းပေါ်ကို စတင်ခြေချခဲ့ပါတယ်။ ဒီအချိန်မှာ သူမရဲ့ အသက်ဟာ အင်မတန်မှငယ်ရွယ်လှပါသေးတယ်။ အနုပညာလောကထဲဝင်ရောက်ပြီး ငါးနှစ်အကြာ ၁၉၈၄ ခုနှစ်မှာ ပထမဆုံး အကယ်ဒမီရခဲ့ပြီးတဲ့နောက် အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်မင်းသမီးတစ်ဦးအဖြစ် တစ်နိုင်ငံလုံးက အသိအမှတ်ပြုခဲ့ကြပါတယ်။ သူမဟာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ငါးကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ ဝါရင့်သမ္ဘာရင့် မင်းသမီးကြီးတစ်ဦးဖြစ်ပါတယ်။ နှလုံးသားမြို့တော်(၁၉၈၄)၊ ခပ်စိမ်းစိမ်းနေပါ့မယ်(၁၉၈၉)၊ သမီးနဲ့အမေများ(၁၉၉၁)၊ မသုဓမ္မစာရီ(၁၉၉၄)၊ မြင့်မိုရ်ထက် သရဖူ(၂၀၀၈) စတဲ့ ရုပ်ရှင်ကားကြီးတွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေ ဆွတ်ခူးခဲ့ပါတယ်။ နှလုံးသားမြို့တော်ဇာတ်ကားတစ်ခုထဲမှာသာ အမျိုးသမီး ဇာတ်ပို့ဆု ရရှိခဲ့တာဖြစ်ပြီး ကျန်တဲ့လေးဆုစလုံးကတော့ ဇာတ်ဆောင်ဆုတွေပဲဖြစ်ပါတယ်။
မို့မို့မြင့်အောင်ဟာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ဆယ်စုနှစ်များစွာ အောင်မြင်စွာနဲ့ ရပ်တည်နိုင်ခဲ့တဲ့ အနုပညာရှင် အနည်းငယ်ထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အခုအချိန်မှာ အငက်အရွယ်ရလာပေမယ့်လည်း အမေခန်း၊ အဘွားခန်းတွေမှာ ထည်ဝါစွာနဲ့ ရပ်တည်နေဆဲပဲဖြစ်ပါတယ်။
credit