တိုင္းရင္းသားေတြ ဗမာလူမ်ိဳးကို မုန္းရတဲ့အေၾကာင္းအရင္းေျပာျပလာတဲ့ အလွမယ္ထားထက္ထက္

တိုင္းရင္းသားေတြဗမာလူမ်ိဳးကိုမုန္းရတဲ့အေၾကာင္းအရင္းေျပာျပလာတဲ့အလွမယ္ထားထက္ထက္

ပရိတ္သတ္ႀကီးေရ၊အခုတစ္ခါမွာဆိုရင္ေတာ့သ႐ုပ္ေဆာင္ထားထက္ထက္ကသူမၾကဳံေတြခဲ့ရတဲ့အေတြ႕အၾကဳံေတြကိုအခုလိုတစ္ယုတစ္ယြေလးနဲ႔ေျပာျပလာခဲ့ပါတယ္ေနာ္။သ႐ုပ္ေဆာင္ထားထက္ထက္ကဖုန္းေျပာခ်င္ရင္ အေပၚထပ္ဒီအခန္းေထာင့္ေလးကေနတက္ေျပာရတယ္၊ရြာကလဲအေရးအေၾကာင္းဆိုဒီေနရာေလးအထိလာေျပာရတာပဲ၊ဖုန္းလိုင္းမမိ၊ျမန္မာစကားေျပာတတ္သူလက္ခ်ိဳးေရလို႔ရတဲ့ရြာကေလးတခုကိုေရာက္ခဲ့ခ်ိန္၊အိမ္ရွင္၊အမကကၽြန္မဖုန္းသုံးဖို႔ေနရာေလးညႊန္ျပၿပီးေျပာခဲ့တဲ့စကားေလးပါ။

ညစာစားဖို႔ျပင္ဆင္ၾကခ်ိန္ျမန္မာစကားတတ္တဲ့ခရစ္ယာန္သင္းအုပ္ဆရာရဲ့အမ်ိဳးသမီးကသူ႔ရဲ့အိမ္နီးခ်င္းျဖစ္တဲ့ကရင္တိုင္းရင္းသူအမနဲ႔အတူတူထိုင္ရင္းကၽြန္မကိုေျပာျပတယ္၊သူ၊အိမ္နီးခ်င္းအမ၊ ကျမန္မာစကားမေျပာတတ္ဘူး၊တတ္လဲမတတ္ခ်င္ဘူး၊မသင္ခ်င္ဘူးတဲ့၊ဘာလို႔လဲဆိုေတာ့သူအသက္ ၁၀ႏွစ္သမီးေလာက္ကစစ္ေဘးေရွာင္တဲ့ဒုကၡေတြကို ကိုယ္ေတြ႕ၾကဳံခဲ့ရတယ္၊ေတာ္ေတာ္ပင္ပန္းတဲ့ဒုကၡဆင္းရဲေတြခံစားခဲ့ရတယ္။

စစ္ေဘးေရွာင္ရတဲ့အခ်ိန္တုန္းကမိသားစုစားဖို႔ ရိကၡာသယ္သြားရတဲ့အခါဆန္အိတ္ကိုေခါင္းေပၚရြက္လို႔မတ္တပ္အိပ္ရတဲ့အခါေတြေတာင္ရွိခဲ့တယ္တဲ့၊ဆန္အိတ္ခ်ၿပီးနားရင္ျပန္ၿပီးမ၊တင္ဖို႔မနိုင္လို႔တဲ့၊ရြာျပန္ေရာက္တဲ့အခါလဲေနစရာအိမ္ကျပာက်ေအာင္မီးတိုက္ခံထားရသလိုအိမ္ေမြးတိရစၧာန္ေတြကိုလဲစိတ္ႀကိဳက္ယူေဆာင္သြားၾကေသးသတဲ့။

ၿပီးေတာ့ဗမာစစ္သားေတြကကရင္တိုင္းရင္းသားေတြကိုရြာလုံးကၽြတ္သတ္ျဖတ္တာေတြ၊သတ္တဲ့အခါလဲခ်က္ခ်င္းမသတ္ပဲရက္ရက္စက္စက္နားရြက္ကိုျဖတ္၊မ်က္လုံးေတြေဖာက္ထုတ္နဲ႔သတ္တာေတြၾကဳံခဲ့ရတယ္ဆိုတဲ့အေၾကာင္းေျပာျပပါတယ္။ဒါေၾကာင့္ဗမာေတြဆိုသိပ္မုန္းတာ၊ဗမာစကားကိုလုံးဝမတတ္ခ်င္၊မေျပာခ်င္ဘူး၊မသင္ခ်င္ဘူး၊ဗမာေတြနဲ႔စကားေျပာေနရမွာစိုးလို႔တဲ့၊အဲ့လိုစကားေတြ နားေထာင္ေနရတဲ့အခ်ိန္ကၽြန္မအင္မတန္စိတ္မေကာင္းျဖစ္ရပါတယ္၊ကၽြန္မမ်က္ႏွာဘယ္နားထားရမွန္းမသိေအာင္အားနာၿပီးမ်က္ႏွာေတြပူေနမိတယ္။

အရင္ကဒီလိုနာၾကည္းစိတ္ေတြရွိတဲ့အမကအခုသူတခါမွမျမင္ဖူးတဲ့ကၽြန္မကိုေမတၱာျပဆက္ဆံေပးၿပီးကၽြန္မတို႔စားဖို႔အတြက္ညစာအျဖစ္ၾကက္ဥေၾကာ္ၿပီးလာပို႔ေပးခဲ့တယ္၊သူတို႔ရဲ့ေႏြးေထြးမႈ၊သေဘာထားႀကီးမႈ၊ခံစားခ်က္နဲ႔အိမ္ရွင္ဝတၱရားခြဲျခားထားနိုင္မႈ၊ဂ႐ုစိုက္မႈနဲ႔ခ်စ္ျခင္းေမတၱာေတြကိုကၽြန္မသိပ္ေက်းဇူးတင္မိပါတယ္။

သူတို႔ေနရာေလးဆက္သြယ္ေရးအဆင္ေျပၿပီးဖုန္းလိုင္းမိဖို႔ကၽြန္မနိုင္ရာေဆာင္ရြက္ပါဦးမယ္၊ဗမာတိုင္းရင္းသားအပါအဝင္အျခားတိုင္းရင္းသား လူမ်ိဳးတိုင္းဟာအနည္းအမ်ားသာကြာခ်င္ကြာမယ္၊စစ္အာဏာရွင္ေၾကာင့္ဒုကၡေရာက္ရတာခ်င္းအတူတူျဖစ္တဲ့အေၾကာင္းအခြင့္ရတဲ့တေန႔က်ရင္ကၽြန္မျပန္သြားၿပီးကရင္ဘာသာနဲ႔ေအးေအးေဆးေဆးစကားေျပာျဖစ္ဦးမယ္ထင္ပါတယ္။ရႈခင္းေတြကဓါတ္ပုံရိုက္ဖို႔႐ူးခ်င္စရာေကာင္းေလာက္ေအာင္လွတဲ့ပတ္ဝန္းက်င္ျဖစ္ေနတာကလဲျပန္သြားခ်င္စရာႀကီးကိုး၊ေႏြးေထြးမႈအတြက္ ေက်းဇူးပါအမတို႔ေရဆိုၿပီးေရးသားေဖာ္ျပထားပါတယ္၊စာဖတ္ပရိတ္သတ္ႀကီးမ်ားအတြက္ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္။
Credit

UNICODE
တိုင်းရင်းသားတွေဗမာလူမျိုးကိုမုန်းရတဲ့အကြောင်းအရင်းပြောပြလာတဲ့အလှမယ်ထားထက်ထက်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်ထားထက်ထက်ကသူမကြုံတွေခဲ့ရတဲ့အတွေ့အကြုံတွေကိုအခုလိုတစ်ယုတစ်ယွလေးနဲ့ပြောပြလာခဲ့ပါတယ်နော်။သရုပ်ဆောင်ထားထက်ထက်ကဖုန်းပြောချင်ရင် အပေါ်ထပ်ဒီအခန်းထောင့်လေးကနေတက်ပြောရတယ်၊ရွာကလဲအရေးအကြောင်းဆိုဒီနေရာလေးအထိလာပြောရတာပဲ၊ဖုန်းလိုင်းမမိ၊မြန်မာစကားပြောတတ်သူလက်ချိုးရေလို့ရတဲ့ရွာကလေးတခုကိုရောက်ခဲ့ချိန်၊အိမ်ရှင်၊အမကကျွန်မဖုန်းသုံးဖို့နေရာလေးညွှန်ပြပြီးပြောခဲ့တဲ့စကားလေးပါ။

ညစာစားဖို့ပြင်ဆင်ကြချိန်မြန်မာစကားတတ်တဲ့ခရစ်ယာန်သင်းအုပ်ဆရာရဲ့အမျိုးသမီးကသူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ကရင်တိုင်းရင်းသူအမနဲ့အတူတူထိုင်ရင်းကျွန်မကိုပြောပြတယ်၊သူ၊အိမ်နီးချင်းအမ၊ ကမြန်မာစကားမပြောတတ်ဘူး၊တတ်လဲမတတ်ချင်ဘူး၊မသင်ချင်ဘူးတဲ့၊ဘာလို့လဲဆိုတော့သူအသက် ၁၀နှစ်သမီးလောက်ကစစ်ဘေးရှောင်တဲ့ဒုက္ခတွေကို ကိုယ်တွေ့ကြုံခဲ့ရတယ်၊တော်တော်ပင်ပန်းတဲ့ဒုက္ခဆင်းရဲတွေခံစားခဲ့ရတယ်။

စစ်ဘေးရှောင်ရတဲ့အချိန်တုန်းကမိသားစုစားဖို့ ရိက္ခာသယ်သွားရတဲ့အခါဆန်အိတ်ကိုခေါင်းပေါ်ရွက်လို့မတ်တပ်အိပ်ရတဲ့အခါတွေတောင်ရှိခဲ့တယ်တဲ့၊ဆန်အိတ်ချပြီးနားရင်ပြန်ပြီးမ၊တင်ဖို့မနိုင်လို့တဲ့၊ရွာပြန်ရောက်တဲ့အခါလဲနေစရာအိမ်ကပြာကျအောင်မီးတိုက်ခံထားရသလိုအိမ်မွေးတိရစ္ဆာန်တွေကိုလဲစိတ်ကြိုက်ယူဆောင်သွားကြသေးသတဲ့။

ပြီးတော့ဗမာစစ်သားတွေကကရင်တိုင်းရင်းသားတွေကိုရွာလုံးကျွတ်သတ်ဖြတ်တာတွေ၊သတ်တဲ့အခါလဲချက်ချင်းမသတ်ပဲရက်ရက်စက်စက်နားရွက်ကိုဖြတ်၊မျက်လုံးတွေဖောက်ထုတ်နဲ့သတ်တာတွေကြုံခဲ့ရတယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။ဒါကြောင့်ဗမာတွေဆိုသိပ်မုန်းတာ၊ဗမာစကားကိုလုံးဝမတတ်ချင်၊မပြောချင်ဘူး၊မသင်ချင်ဘူး၊ဗမာတွေနဲ့စကားပြောနေရမှာစိုးလို့တဲ့၊အဲ့လိုစကားတွေ နားထောင်နေရတဲ့အချိန်ကျွန်မအင်မတန်စိတ်မကောင်းဖြစ်ရပါတယ်၊ကျွန်မမျက်နှာဘယ်နားထားရမှန်းမသိအောင်အားနာပြီးမျက်နှာတွေပူနေမိတယ်။

အရင်ကဒီလိုနာကြည်းစိတ်တွေရှိတဲ့အမကအခုသူတခါမှမမြင်ဖူးတဲ့ကျွန်မကိုမေတ္တာပြဆက်ဆံပေးပြီးကျွန်မတို့စားဖို့အတွက်ညစာအဖြစ်ကြက်ဥကြော်ပြီးလာပို့ပေးခဲ့တယ်၊သူတို့ရဲ့နွေးထွေးမှု၊သဘောထားကြီးမှု၊ခံစားချက်နဲ့အိမ်ရှင်ဝတ္တရားခွဲခြားထားနိုင်မှု၊ဂရုစိုက်မှုနဲ့ချစ်ခြင်းမေတ္တာတွေကိုကျွန်မသိပ်ကျေးဇူးတင်မိပါတယ်။

သူတို့နေရာလေးဆက်သွယ်ရေးအဆင်ပြေပြီးဖုန်းလိုင်းမိဖို့ကျွန်မနိုင်ရာဆောင်ရွက်ပါဦးမယ်၊ဗမာတိုင်းရင်းသားအပါအဝင်အခြားတိုင်းရင်းသား လူမျိုးတိုင်းဟာအနည်းအများသာကွာချင်ကွာမယ်၊စစ်အာဏာရှင်ကြောင့်ဒုက္ခရောက်ရတာချင်းအတူတူဖြစ်တဲ့အကြောင်းအခွင့်ရတဲ့တနေ့ကျရင်ကျွန်မပြန်သွားပြီးကရင်ဘာသာနဲ့အေးအေးဆေးဆေးစကားပြောဖြစ်ဦးမယ်ထင်ပါတယ်။ရှုခင်းတွေကဓါတ်ပုံရိုက်ဖို့ရူးချင်စရာကောင်းလောက်အောင်လှတဲ့ပတ်ဝန်းကျင်ဖြစ်နေတာကလဲပြန်သွားချင်စရာကြီးကိုး၊နွေးထွေးမှုအတွက် ကျေးဇူးပါအမတို့ရေဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Credit

Add a Comment

Your email address will not be published. Required fields are marked *