ရန်ကုန်မြို့ကို မကြာခင်ပြန်လာတော့မယ်လို့ ပြည်သူတွေကို သတိပေးလာတဲ့ သရုပ်ဆောင် မင်းမော်ကွန်း





Credit

UNICODE
အောင်ပွဲနဲ့အတူရန်ကုန်မြို့ကြီးကိုပြန်လာမယ်လို့ဂတိပေးလိုက်တဲ့သရုပ်ဆောင်မင်းမော်ကွန်း

ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။မင်းမော်ကွန်းကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာ သက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။

အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလို သားဖြစ်သူ မင်းမော်ကွန်းကလည်း အမှန်တရား ဘက်ကို ရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်။ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်း နောက်ဆုတ်မသွားတဲ့အပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့်မတရားအမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုရှောင်တိမ်းနေရပါတယ်နော်။ပြီးခဲ့တဲ့လတွေတုန်းကဆိုရင်သရုပ်ဆောင်မင်းမော်ကွန်းကဇနီးဖြစ်သူ၊သားဖြစ်သူတွေနဲ့လွှတ်မြောက်နယ်မြေသို့ရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်နော်။

သရုပ်ဆောင်မင်းမော်ကွန်းကရန်ကုန်မြို့ကို မကြာခင်လာမယ်လို့ ပြည်သူတွေကို သတိပေးလာတဲ့ အကြောင်းကို ပြေးလာချင်တယ် ရန်ကုန်၊ရန်ကုန်ကိုလာမယ်ဆိုပြီးတော့ သူ့ရဲ့ FacebookStoryမှ ာရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်နော်။
Credit

Add a Comment

Your email address will not be published. Required fields are marked *