သိန္းေပါင္းသုံးေထာင္နီးပါးရွိတဲ့ ကေလးမ်ားခိုလႈံရာ ေဂဟာသစ္ႀကီးရဲ့ ဒီဇိုင္းနမူနာကို ထုတ္ျပလိုက္တဲ့ ခိုင္ႏွင္းေဝ

သိန္းေပါင္းသုံးေထာင္နီးပါးရွိတဲ့ ကေလးမ်ားခိုလႈံရာ ေဂဟာသစ္ႀကီးရဲ့ ဒီဇိုင္းနမူနာကို ထုတ္ျပလိုက္တဲ့ ခိုင္ႏွင္းေဝ

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စြန႔္ပစ္ခံရတဲ့ ေကလးငယ္ေတြကို တရားဝင္ ေခၚယူေမြးစား ျပဳစုေစာင့္ေရွာက္ေပးေနတာကို ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါ။ ကေလးေတြကို သူ႔ရဲ့ သားသမီးအရင္းေတြပမာ ေဝယ်ာဝစၥေတြကအစ သူကိုယ္တိုင္လုပ္ကိုင္ၿပီးေမတၱာအျပည့္နဲ႔ ေစာင့္ေရွာက္ေနခဲ့တာပဲျဖစ္ပါတယ္။ ခိုင္ႏွင္းေဝကေတာ့ မိဘမ.ဲ့ ခိုကိုးရာမ.ဲ့ လ.ူမမ.ယ္ ေက.လးငယ္ေလးေတြကို ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာဆိုၿပီး ေဂဟာေလးဖြင့္ကာ ျပဳစုေစာင့္ေရွာက္ေနခဲ့တာျဖစ္ပါတယ္။

ကေလးငယ္ေတြကိုဖခင္လိုတစ္သြယ္၊ မိခင္လိုတစ္မ်ိဳး ေႏြးေႏြးေထြးေထြး ၾကင္ၾကင္နာနာနဲ႔ ေစာင့္ေရွာက္ေပးေနတာပဲျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက ကေလးေတြ က်ယ္က်ယ္ဝန္းဝန္းေနထိုင္နိုင္ေစဖို႔အတြက္ ရည္ရြယ္ၿပီးေတာ့လည္း ခိုနားရာေလးတစ္ခုအျဖစ္နဲ႔ ေဂဟာတစ္ခုကိုဖန္တီးတည္ေဆာက္ေနခဲ့တာလည္း ျဖစ္ပါတယ္။ ယေန႔မွာေတာ့ ေဂဟာေလးရဲ့ နမူနာပုံစံ ဗီဒီယိုေလးကို ေဖာ္ျပလာပါတယ္။

ဗီဒီယိုေလးနဲ႔အတူ ”SOUL Foundationမွ ကေလးေတြရဲ့ ခိုနားရာရိပ္ျမဳံ ႀကီးအတြက္ (ေျမကြက္၊ၿခံစည္းရိုး၊အတြင္း Furnitureမ်ား မပါ) အေဆာက္အဦးကုန္က်စရိတ္ အားလုံး (တန္ဘိုးေငြက်ပ္ သိန္း၂၅၀၀ ဝန္းက်င္ခန႔္)ကို က်မတို႔ “ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာ”အတြက္ ေဆာက္လုပ္ လႉဒါန္းေပးပါတယ္ရွင္၊ SOUL Foundationရဲ အလႉရွင္မ်ား၊ တာဝန္ရွိသူမ်ား၊ဝန္ထမ္းမ်ားအားလုံးကို အထူးေက်းဇူးတင္ မွတ္တမ္းတင္အပ္ပါတယ္ရွင္။

အလႉရွင္မ်ားအားလုံး ပီတိကုသိုလ္ေလးမ်ား ပြားမ်ားၿပီး SOUL Foundationမွ တာဝန္ရွိသူမ်ား၊ ဝန္ထမ္းမ်ား အားလုံး ပီတိေလးမ်ား ပြားမ်ားရင္း အေမာေျပနိုင္ၾကပါေစရွင္”ဆိုၿပီး သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန မၽွေဝေဖာ္ျပထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးလည္း ဝမ္းသာၾကည္ႏူး သာဓုေခၚနိုင္ဖို႔ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။ ျမန္မာျပည္ႀကီးလဲအျမန္ဆုံးၿငိမ္းခ်မ္းပါေစ။
Credit

UNICODE
သိန်းပေါင်းသုံးထောင်နီးပါးရှိတဲ့ ကလေးများခိုလှုံရာ ဂေဟာသစ်ကြီးရဲ့ ဒီဇိုင်းနမူနာကို ထုတ်ပြလိုက်တဲ့ ခိုင်နှင်းဝေ

အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံရတဲ့ ကေလးငယ်တွေကို တရားဝင် ခေါ်ယူမွေးစား ပြုစုစောင့်ရှောက်ပေးနေတာကို ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ကလေးတွေကို သူ့ရဲ့ သားသမီးအရင်းတွေပမာ ဝေယျာဝစ္စတွေကအစ သူကိုယ်တိုင်လုပ်ကိုင်ပြီးမေတ္တာအပြည့်နဲ့ စောင့်ရှောက်နေခဲ့တာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ မိဘမ.ဲ့ ခိုကိုးရာမ.ဲ့ လ.ူမမ.ယ် ကေ.လးငယ်လေးတွေကို ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာဆိုပြီး ဂေဟာလေးဖွင့်ကာ ပြုစုစောင့်ရှောက်နေခဲ့တာဖြစ်ပါတယ်။

ကလေးငယ်တွေကိုဖခင်လိုတစ်သွယ်၊ မိခင်လိုတစ်မျိုး နွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက ကလေးတွေ ကျယ်ကျယ်ဝန်းဝန်းနေထိုင်နိုင်စေဖို့အတွက် ရည်ရွယ်ပြီးတော့လည်း ခိုနားရာလေးတစ်ခုအဖြစ်နဲ့ ဂေဟာတစ်ခုကိုဖန်တီးတည်ဆောက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ယနေ့မှာတော့ ဂေဟာလေးရဲ့ နမူနာပုံစံ ဗီဒီယိုလေးကို ဖော်ပြလာပါတယ်။

ဗီဒီယိုလေးနဲ့အတူ ”SOUL Foundationမှ ကလေးတွေရဲ့ ခိုနားရာရိပ်မြုံ ကြီးအတွက် (မြေကွက်၊ခြံစည်းရိုး၊အတွင်း Furnitureများ မပါ) အဆောက်အဦးကုန်ကျစရိတ် အားလုံး (တန်ဘိုးငွေကျပ် သိန်း၂၅၀၀ ဝန်းကျင်ခန့်)ကို ကျမတို့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”အတွက် ဆောက်လုပ် လှူဒါန်းပေးပါတယ်ရှင်၊ SOUL Foundationရဲ အလှူရှင်များ၊ တာဝန်ရှိသူများ၊ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင် မှတ်တမ်းတင်အပ်ပါတယ်ရှင်။

အလှူရှင်များအားလုံး ပီတိကုသိုလ်လေးများ ပွားများပြီး SOUL Foundationမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ အားလုံး ပီတိလေးများ ပွားများရင်း အမောပြေနိုင်ကြပါစေရှင်”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးလည်း ဝမ်းသာကြည်နူး သာဓုခေါ်နိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ မြန်မာပြည်ကြီးလဲအမြန်ဆုံးငြိမ်းချမ်းပါစေ။
Credit

Add a Comment

Your email address will not be published. Required fields are marked *