




Credit – Myanmar Load

UNICODE
လွတ်မြောက်နယ်မြေ တစ်နေရာက လှပတဲ့ရှုခင်းတွေကို နောက်ခံထားရိုက်ကူးထားတဲ့ ပုံလေးတင်ပေးလိုက်တဲ့ ဒါရိုက်တာ သည်ခေတ်နေ

ရုပ်ရှင်ကားကောင်းများစွာကို ပေါကားဆန်ဆန်မဟုတ်ဘဲ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ သည်ခေတ်နေဟာဆိုရင် ဖေဖော်ဝါရီလကတည်းက ပြည်သူတွေနှင့်အတူ ရပ်တည်ပေးခဲ့တဲ့ လေးစားဖို့ကောင်းတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါရိုက်တာ သည်ခေတ်နေဟာ အမှန်တရားဘက်မှာ ရဲဝံ့စွာရပ်တည်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရတဲ့သူလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒါရိုက်တာသည်ခေတ်နေဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်ခုမှ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါရိုက်တာသည်ခေတ်နေဟာ သူ ထွက်ပြေးတိမ်းရှောင်နေစဉ်ကာလတွေမှာလည်း အမြဲမပျက် ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ ဒါရိုက်တာ သည်ခေတ်နေဟာ သူရောက်ရှိနေတဲ့ နေရာလေးက စိမ်းလန်းစိုပြည်ပြီးလှပတဲ့ ရှုခင်းကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို “ချစ်တဲ့ဘက်မှာ” ဆိုတဲ့ခေါင်းစဉ်လေးနဲ့တွဲပြီးတင်လာပါတယ်။

ဓာတ်ပုံလေးထဲမှာ ဆိုရင် ဒါရိုက်တာသည်ခေတ်နေ နောက်ခံထားပြီး ရိုက်ကူးထားတဲ့ တောတောင်ရဲ့ ရှုခင်းတွေက စိမ်းစိုပြီးတော်တော်လေးကို လှပနေတာပါ။ ပရိသတ်တွေကလည်း လှပတဲ့ ရှုခင်းတွေရှိတဲ့နေရာကို ရောက်ရှိနေတဲ့ ဒါရိုက်တာသည်ခေတ်နေတစ်ယောက် နေကောင်းကျန်းမာဖို့အတွက် ဆုတောင်းပေးထားကြတဲ့ မှတ်ချက်လေးတွေ ဝိုင်းပြီး ရေးပေးထားကြပါတယ်။
Credit – Myanmar Load

Add a Comment

Your email address will not be published. Required fields are marked *