Credit
UNICODE
သမီးလေးကို သူမနဲ့နှိုင်းယှဉ်ပြီး ရုပ်ရည်ပိုင်းဆိုင်ရာ ဝေဖန်ခံရလို့ မိခင်တယောက်အနေနဲ့ စိတ်မကောင်းဘူးဆိုတဲ့ ခိုင်သင်းကြည်
အရွယ်နဲ့မလိုက်အောင်ကို နုပျိုလှပနေပြီး ပျော်ပျော်နေတတ်တဲ့ မခိုင်‌လေးလို့ခေါ်ကြတဲ့ ခိုင်သင်းကြည်ကိုသိကြမယ်ထင်ပါတယ် ။ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ တိုင်ရပ်တည်အောင်မြင်နေတာဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် အမျိုးသမီးဇာတ်ပို့နေရာနဲ့ ဇာတ်ဆောင်နေရာနှစ်ခုလုံးမှာပါ အကယ်ဒမီထူးချွန်ဆုရရှိထားတဲ့ မင်းသမီးလည်းဖြစ်ပါတယ်။
ခိုင်သင်းကြည်က ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုလည်းတည်ထောင်ထားတာဖြစ်ပြီး သမီးလေးစံထိပ်ထားဦးကလည်း အခုဆိုရင် အရွယ်ရောက်လာပြီဖြစ်ပြီး မေမေနဲ့ရုပ်ချင်းလည်းတူပြီး လိမ္မာရေးခြားရှိတဲ့သမီးလေးဖြစ်ပါတယ်။ မခိုင်လေးက အရွယ်နဲ့မလိုက်အောင်ကို နုပျိုနေဆဲဖြစ်ပြီး ထိပ်ထိပ်လေးနဲ့ ညီအစ်မတွေလို့တောင်ထင်မှတ်စရာကောင်းနေတာလည်း ဖြစ်ပါတယ်နော် ။
ဒီနေ့မှာတော့ ခိုင်သင်းကြည်က သမီးဖြစ်သူကို ရုပ်ဆိုးတယ်လို့ ဝေဖန်ခံရတဲ့အပေါ် သူမရဲ့ခံစားချက်တွေကို အခုလို ရင်ဖွင့်လာခဲ့ပါတယ်နော်။ သရုပ်ဆောင် ခိုင်သင်းကြည်က လူဆိုတာတော့ အမျိုးမျိုးပေ့ါ၊ မလှဘူး၊ ရုပ်ဆိုးတယ်လို့ ပြောတဲ့အပေါ်မှ ာအမလက်ခံပါတယ် အဲ့လောက်ထိ အပြစ်မမြင်ပါဘူး၊ တချို့ကျတော့ ဆိုးဆိုးရွားရွားပြောတာတွေရှိတယ်။ ကလေးတစ်ယောက်ကို အရမ်းပြောတော့ စိတ်မကောင်းဘူးဆိုပြီး ရင်ဖွင့်ထားပါတယ်၊ ပရိတ်သတ်ကြီးအတွက် ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်နော်။
Credit
Add a Comment
Your email address will not be published. Required fields are marked *