ေမြးေန႔ရက္ေလးမွာ သမီးေလးနဲ႔ ရိုက္ကူးထားတဲ့ မိသားစု ဓာတ္ပုံေလးေတြကို အမွတ္တရအေနနဲ႔ ထုတ္ျပခဲ့တဲ့ နကၡတ္

ေမြးေန႔ရက္ေလးမွာ သမီးေလးနဲ႔ ရိုက္ကူးထားတဲ့ မိသားစု ဓာတ္ပုံေလးေတြကို အမွတ္တရအေနနဲ႔ ထုတ္ျပခဲ့တဲ့ နကၡတ္

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့အခ်စ္ေတာ္သ႐ုပ္ေဆာင္ နကၡတ္ကေတာ့ ဒီေန႔မွာက်ေရာက္တဲ့ သူ႔ရဲ့ေမြးေန႔ရက္ျမတ္ေလးမွာ ေမြးေန႔အမွတ္တရအေနနဲ႔ သမီးေလးနဲ႔ မိသားစုလိုက္ရိုက္ကူးထားတဲ့ ပုံေလးေတြကို မၽွေဝလာခဲ့ပါတယ္။ မိသားစုပုံေလးေတြနဲ႔အတူ ေမြးေန႔အမွတ္တရအေနနဲ႔ သူေျပာခ်င္တဲ့စကားေလးေတြလည္း သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေနတစ္ဆင့္ ေဖာ္ျပထားခဲ့ပါေသးတယ္။

“ဒီေန႔ကၽြန္ေတာ့္ေမြးေန႔မွာ ကၽြန္ေတာ့္ကိုလူ႔ေလာကကထဲကို ေရာက္လာခြင့္ေပးၿပီး ေကၽြးေမြးျပဳစုေစာင့္ေရွာက္ခဲ့တဲ့ မိဘႏွစ္ပါးကို ရိုေသစြာျဖင့္ ရွိခိုးကန္ေတာ့ပါတယ္။ ဒီႏွစ္ေမြးေန႔ေလးကေတာ့ အရင္ႏွစ္ေတြနဲ႔မတူဘဲ ကၽြန္ေတာ္မိသားစုဘဝေလး ပိုင္ဆိုင္ခဲ့ရပါၿပီ ဒီအသက္အရြယ္ထိေနထိုင္လာရင္းသိခဲ့ရတဲ့ အသိတရားေတြကေတာ့ရင္နဲ႔မဆံ့ေအာင္ အမ်ားႀကီးပါပဲ ေပ်ာ္ရႊင္မႈေတြနာက်င္မႈေတြစုံလို႔ေနတာပါပဲ။

ေလာ က ႀကီး နဲ႔ ကံၾကမၼာဟာ သူ ျဖစ္ခ်င္ တဲ့ အ တိုင္းျဖစ္ပ်က္ေနၾကတာ ပိုင္ဆိုင္ရတာေတြရွိသလို ဆုံးရႈံးရတာေတြလည္း ၾကဳံခဲ့ရတယ္။အေကာင္းေလာကဓံနဲ႔ အဆိုးေလာကဓံတစ္လွည့္စီလာေနၾကတာမို႔ ဘဝကို တည္ၿငိမ္ရင့္က်က္တဲ့ပုံစံတစ္ခုနဲ႔ ျဖတ္သန္းနိုင္ေအာင္ ႀကိဳးစားၿပီးရွင္သန္ေနထိုင္ေနပါတယ္။

လူသားအားလုံးရဲ့ အက်ိဳးကို အခုအခ်ိန္မသယ္ပိုးနိုင္ရင္ေတာင္ ကိုယ့္အတြက္နဲ႔ သူတစ္ပါးအေႏွာင့္အယွက္မျဖစ္ေအာင္ ဘဝကို ေအးေဆးစြာျဖတ္သန္းေနထိုင္ေနပါတယ္။ အလႉအႀကီးႀကီးမလုပ္နိုင္ေသးေပမဲ့ တက္နိုင္သေလာက္ ဘယ္လိုလႉလႉ လႉျဖစ္ေအာင္အျမဲႀကိဳးစားေနပါတယ္။

(၇)ရက္သားသမီးအားလုံး စိတ္ခ်မ္းသာျခင္း၊ကိုယ္က်န္းမာျခင္းမ်ားစြာနဲ႔ အစစအရာရာအဆင္ေျပေခ်ာေမြ႕ၾကပါေစလို႔ ကၽြန္ေတာ္သ႐ုပ္ေဆာင္ နကၡတ္မိသားစုမွ ဆုေတာင္းေပးပါတယ္ဗ်” ဆိုၿပီး (၇)ရက္သားသမီးပရိသတ္ေတြ က်န္းမာခ်မ္းသာေစဖို႔လည္း ဆုမြန္ေကာင္းေတာင္းေပးထားခဲ့ပါေသးတယ္။
Source – နကၡတ္

UNICODE
မွေးနေ့ရက်လေးမှာ သမီးလေးနဲ့ ရိုက်ကူးထားတဲ့ မိသားစု ဓာတ်ပုံလေးတွေကို အမှတ်တရအနေနဲ့ ထုတ်ပြခဲ့တဲ့ နက္ခတ်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်သရုပ်ဆောင် နက္ခတ်ကတော့ ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ မွေးနေ့အမှတ်တရအနေနဲ့ သမီးလေးနဲ့ မိသားစုလိုက်ရိုက်ကူးထားတဲ့ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။ မိသားစုပုံလေးတွေနဲ့အတူ မွေးနေ့အမှတ်တရအနေနဲ့ သူပြောချင်တဲ့စကားလေးတွေလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ဖော်ပြထားခဲ့ပါသေးတယ်။

“ဒီနေ့ကျွန်တော့်မွေးနေ့မှာ ကျွန်တော့်ကိုလူ့လောကကထဲကို ရောက်လာခွင့်ပေးပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘနှစ်ပါးကို ရိုသေစွာဖြင့် ရှိခိုးကန်တော့ပါတယ်။ ဒီနှစ်မွေးနေ့လေးကတော့ အရင်နှစ်တွေနဲ့မတူဘဲ ကျွန်တော်မိသားစုဘဝလေး ပိုင်ဆိုင်ခဲ့ရပါပြီ ဒီအသက်အရွယ်ထိနေထိုင်လာရင်းသိခဲ့ရတဲ့ အသိတရားတွေကတော့ရင်နဲ့မဆံ့အောင် အများကြီးပါပဲ ပျော်ရွှင်မှုတွေနာကျင်မှုတွေစုံလို့နေတာပါပဲ။

လော က ကြီး နဲ့ ကံကြမ္မာဟာ သူ ဖြစ်ချင် တဲ့ အ တိုင်းဖြစ်ပျက်နေကြတာ ပိုင်ဆိုင်ရတာတွေရှိသလို ဆုံးရှုံးရတာတွေလည်း ကြုံခဲ့ရတယ်။အကောင်းလောကဓံနဲ့ အဆိုးလောကဓံတစ်လှည့်စီလာနေကြတာမို့ ဘဝကို တည်ငြိမ်ရင့်ကျက်တဲ့ပုံစံတစ်ခုနဲ့ ဖြတ်သန်းနိုင်အောင် ကြိုးစားပြီးရှင်သန်နေထိုင်နေပါတယ်။

လူသားအားလုံးရဲ့ အကျိုးကို အခုအချိန်မသယ်ပိုးနိုင်ရင်တောင် ကိုယ့်အတွက်နဲ့ သူတစ်ပါးအနှောင့်အယှက်မဖြစ်အောင် ဘဝကို အေးဆေးစွာဖြတ်သန်းနေထိုင်နေပါတယ်။ အလှူအကြီးကြီးမလုပ်နိုင်သေးပေမဲ့ တက်နိုင်သလောက် ဘယ်လိုလှူလှူ လှူဖြစ်အောင်အမြဲကြိုးစားနေပါတယ်။

(၇)ရက်သားသမီးအားလုံး စိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းများစွာနဲ့ အစစအရာရာအဆင်ပြေချောမွေ့ကြပါစေလို့ ကျွန်တော်သရုပ်ဆောင် နက္ခတ်မိသားစုမှ ဆုတောင်းပေးပါတယ်ဗျ” ဆိုပြီး (၇)ရက်သားသမီးပရိသတ်တွေ ကျန်းမာချမ်းသာစေဖို့လည်း ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါသေးတယ်။
Source – နက္ခတ်

Add a Comment

Your email address will not be published. Required fields are marked *