မြန်မာငွေ သိန်း (၅၀၀) ဝန်းကျင်နဲ့ လေလံအောင်သွားခဲ့တဲ့ တေးသံရှင် ကျားပေါက်ရဲ့ ကမ္ဘာဈေးအကြီးဆုံး Ukulele
Credit
UNICODE
မြန်မာငွေ သိန်း(၅၀၀)ဝန်းကျင်နဲ့ လေလံအောင်သွားခဲ့တဲ့ တေးသံရှင်ကျားပေါက်ရဲ့ ကမ္ဘာဈေးအကြိးဆုံး Ukulele အဖြစ် မှတ်တမ်းဝင်သွား
ပရိသတ်ကြီးရေ ယခုခေတ်တိုင်အောင် ဂီတလောကမှာအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်ရင်ဂိုရဲ့ သားဖြစ်သူဟန်ထူးလွင်ဟာလည်း ဖခင်ရဲ့ ဂီတအမွေအနှစ်များစွာကို ရရှိထားပြီး အောင်မြင်မှုတွေနဲ့အတူ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်နော်။ ကျားပေါက်လို့ပြောလိုက်တာနဲ့ သူ့ရဲ့အမိုက်စားသီချင်းတွေကို တဆက်တည်း ပြေးမြင်ကြမှာပါ။
ဂီတဘက်မှာ တေးရေးတေးဆိုအပြင် တူရိယာ တွေကိုပါမျိုးစုံတီးခတ်နိုင်တဲ့ အမိုက်စား Rock Starတစ်ယောက်ပါပဲနော်။အခုတစ်ခါမှာဆိုရင်တော့နာရီပိုင်း အတွင်းသိန်း၅၀၀ဝန်းကျင်လေလံကြေးရရှိသွားပြီဖြစ်တဲ့အဆိုတော်ကျားပေါက်ရဲ့ဂီတာလေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။
နံနက်ခင်းလေးကိုUSD11111နဲ့စဖွင့်လိုက်ပါပြီ၊ကိုကျားရဲ့ဂစ်တာလေလံစျေးနှုန်းဟာအခုဆိုရင်အမေရိကန်ဒေါ်လာနှစ်သောင်းခုနှစ်ထောင့်ငါးရာ ၊မြန်မာငွေ၅၀၀၀၀၀၀၀ဝန်းကျင်နဲ့ လေလံအောင်သွားခဲ့ပြီပဲဖြစ်ပါတယ်။EndGameမှာကြမ်းသွားတာကြောင့် ကမ္ဘာဈေးအကြိးဆုံး Ukulele အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးလွယ်အိတ်ကြီးထဲကထွက်လာတဲ့ဂစ်တာအသေးလေးရဲ့တော်လှန်ရေးတန်ဖိုးပေါ့၊ဂုဏ်ယူရပါတယ်ဆိုပြီးရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်နော်။
Credit
Add a Comment
Your email address will not be published. Required fields are marked *